ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာတွေဖြစ်နေလဲ – ဒို့အတွေး ဒို့အမြင် (အပိုင်း ၁ + ၂)

အကြမ်းဖက် စစ်တပ်ကနေမှ စီစဉ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာတွေဖြစ်နေလဲ ဘယ်လိုအခြေအနေတွေ ရောက်နေပြီလဲ။ ဘယ်လိုပုံစံမျိုးနဲ့ အကြမ်းဖက် စစ်တပ်က နိုင်ငံရေးအာဏာကို သူတို့ရဲ့ ထိန်းချုပ်မှု အောက်ကနေ အပြည့်အဝ ရှိစေဖို့အတွက်ကို ဘယ်လိုတွေ ဘယ်လိုစီမံထားသလဲ။ တော်လှန်ရေး အင်အားစုတွေကလည်း ဘယ်လိုမျိုး စုစည်းမှုတွေနဲ့ နိုင်ငံရေးအရ အောင်နိုင်မှုတွေ၊ စစ်ရေးအရ အောင်နိုင်မှုတွေ လုပ်ဆောင်နေတာမျိုး ရှိနေသလဲ ဆိုတာကို ဆွေးနွေးထားတဲ့ ဒို့အတွေး ဒို့အမြင် (အပိုင်း – ၁)

အကြမ်းဖက်စစ်တပ်က သူ့ရဲ့လမ်းပြမြေပုံအတိုင်း စီစဉ်ဆောင်ရွက်တဲ့နေရာမှာ ပိုပြီးတော့အစီအစဉ်တကျ၊ လက်တွေ့ကျကျနဲ့သွားနေတဲ့ပုံစံတစ်ခု မြင်သာနေတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဖက်က ဘာတွေစီစဉ်နေသလဲဆိုတာကို ကျမတို့က ပိုပြီးစိတ်ဝင်စားတယ်။ ဆိုတော့ ဒီနှစ်ကုန်မှာ တခုခုကြေညာနိုင်မလား၊ သို့မဟုတ် အကြမ်းဖက်စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲမတိုင်ခင်မှာ တခုခုဖြစ်လာမလား၊ ဒါကိုတော့ တော်လှန်ရေးအင်အားစုတွေက ကျမတို့က ဆက်ပြီးစောင့်စားကြရမယ်။ (ဒို့အတွေး ဒို့အမြင် အပိုင်း – ၂)

Author: