တရားမျှတမှုရဖို့အတွက်ကြိုးစားတဲ့အခါဘယ်လိုအရာတွေကအတားအဆီးတွေဖြစ်နေလဲ
ဒီတပတ်ပေါ့ကတ်အစီအစဉ်မှာတော့ “မြန်မာအမျိုးသမီးတွေအပေါ် ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုနယ်ပယ်မှာ ဩဇာရှိသူတွေက လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ တရားမျှတမှုရရှိဖို့အတွက် ထုတ်ဖော်ပြောဆိုတဲ့အခါဖြစ်စေ၊ တရားမျှတမှုရဖို့အတွက် ကြိုးစားတဲ့အခါဘယ်လိုအရာတွေက အတားအဆီးတွေဖြစ်နေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ အမြင်” တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
————–
အာဏာပါဝါကြီးတဲ့လူတွေ၊ ဩဇာရှိတဲ့လူတွေ၊ လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူတွေ၊ အသိုင်းအဝိုင်းအား တောင့်တဲ့သူတွေ၊ အခုဆိုရင် ဖေ့စ်ဘုတ်မှာ ဖော်လိုဝါများတဲ့လူတွေ၊ တော်လှန်ရေးမှာ အရမ်းကို ထဲထဲဝင်ဝင်ပါနေတဲ့သူတွေ၊ နောက်ပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ ဒီလိုလူတွေက ကျူးလွန်ခဲ့တယ်ဆိုရင် ကျူးလွန်ခံရတဲ့သူတွေအနေနဲ့ ဖွင့်ပြောလိုက်တယ်ဆိုရင်တောင်မှ အသိုင်းအဝိုင်းက ကျူးလွန်တဲ့သူတွေကို ကာကွယ်ပေးတယ်။










