စမူဆာ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
မြန်မာပြည်မှာက အမျိုးသမီးတယောက် လမ်းလျှောက်သွားပြီဆိုလို့ရှိရင် ဒီလိုမျိုးသီချင်းတွေကို ဖွင့်ပြတာ၊ ဆိုပြတာတို့က အမျိုးသမီးတိုင်းကြုံနေရတဲ့ ဓလေ့တခုလိုမျိုးတောင်ဖြစ်နေပြီ၊ ဒါတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တဲ့အပြုအမူဆိုတဲ့ဟာကို မတွေးမိတော့ဘဲနဲ့ နေ့တိုင်း ထမင်းစားရေသောက်လိုမျိုး နေ့စဉ်ချိုးဖောက်နေတာတွေဟာ ဒီလိုမျိုးသီချင်းတွေရဲ့ ဆိုးကျိုးသက်ရောက်မှုက ဘယ်လောက်ကြီးမားနေတယ်ဆိုတာကို သက်သေပြနေသလိုပဲ ဖြစ်နေပါတယ်။
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ အဆိုတော်ဟဲလေးသီဆိုထားတဲ့ “စမူဆာ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။











