ငါကအိမ်ထောင်ဦးစီး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

“အိမ်ဦးနတ်” ဆိုတာနဲ့ ယောက်ျား၊ အမျိုးသားတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပြီး အိမ်တစ်အိမ်လုံးရဲ့ အဓိက အရေးပါအရာရောက်ဆုံးလူသားတစ်ဦးအဖြစ် သတ်မှတ်လက်ခံလေ့ရှိကြပါတယ်။ မိသားစုရဲ့တာဝန်တွေ၊ အခက်အခဲတွေကို ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဖြေရှင်းပေးဖို့ ဆိုလိုတာ ဖြစ်လို့ မိသားစုဝင်တွေအပေါ် အကြမ်းဖက်အနိုင်ကျင့်ဖို့ အခွင့်အရေးပေးထားတာ မဟုတ်ပါဘူး။

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “ငါကအိမ်ထောင်ဦးစီး” ဆိုတဲ့ ရီမောစရာ ဟာသဇာတ်လမ်းတိုလေး တစ်ပုဒ်ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Author: