ဓားတစ်လက်နဲ့ ရှင်သန်နေရတဲ့ မိခင်ဘဝ

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ရခိုင်ဒေသမှာ စစ်ဘေးရှောင်ဦးရေ ၅ သိန်းနီးပါးအထိရှိပါတယ်။

သူတို့တွေဟာ စားဝတ်နေရေး၊ လုံခြုံရေးစတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေကြရပြီး စားဝတ်နေရေးအတွက် ကဏ္ဍ အသီးသီးကနေ ရုန်းကန်လှုပ်ရှားနေကြပါတယ်။ အဲဒီအထဲက အိမ်ထောင်ဦးစီးအမျိုးသမီးတွေဟာ အခုလိုတိုက်ပွဲကာလ အခြေအနေမှာ ပိုပြီး အခက်တွေ့ရပါတယ်။

တချို့ အိမ်ထောင်ဦးစီးအမျိုးသမီးတွေဆို အလှူခံတောင်းရမ်းစားသောက်ကြရတဲ့ အခြေအနေထိ ရောက်သွားကြတာရှိသလို လက်လုပ်လက်စားဘဝနဲ့ ရှာဖွေစားသောက်နေကြတဲ့ သူတွေလည်းရှိကြပါတယ်။ အဲဒီအထဲက တောင်ပေါ်တက်ထင်းခုတ်ပြီး မိသားစုဝမ်းရေးအတွက် ဖြေရှင်းပေးနေတဲ့ အိမ်ထောင်ဦးစီးအမျိုး သမီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Author: