အကြောင်းအမျိုးမျိုးကြောင့်ဝေးကွာနေရသည့် အမေနှင့်သားသမီးများအတွက် အမှတ်တရစကားသံများ
နှစ်စဉ်မေလ ဒုတိယအပတ်ရဲ့ တနင်္ဂနွေနေ့ဟာ နိုင်ငံတကာ မိခင်များနေ့ ဖြစ်ပါတယ်။
သာမန်အခြေအနေမှာတော့ ဒီလိုနေ့မှာ အမေတွေရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ပေးဆပ်မှုတွေကို သားသမီးတွေကပြန်ပြီးဂုဏ်ပြုဖို့ အမေ နဲ့ သားသမီးအတူတူ အစီအစဉ်တစ်ခုခု ပြုလုပ်နေကြမှာဖြစ်ပါတယ်။
သို့သော်လည်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် သားသမီးများကျဆုံးသွားလို့ ပူဆွေးနေရတဲ့မိခင်တွေ၊ ထောင်ထဲရောက်နေတဲ့ သားသမီးတွေအတွက် သောကရောက်နေရတဲ့မိခင်တွေ၊ နွေဦးတော်လှန်ရေးမှာ အသက်ပေးဆပ်ခဲ့ရတဲ့မိခင်တွေ၊ စစ်ဘေးရှောင်ရင်း သားသမီးနဲ့မိခင် ဝေးကွာသွားရတာတွေ စသဖြင့် နာကျည်းစရာကောင်းလှပါတယ်။
ဒီလိုအခြေအနေဆိုးအောက် ရောက်နေတဲ့ သားသမီးနဲ့ မိခင်များအားလုံးကို ဒီနှစ်ရဲ့နိုင်ငံတကာ မိခင်များနေ့မှာ အားပေးဂုဏ်ပြုရင်း မကြာမှီပြန်ဆုံခွင့်ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။