တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဧပြီလ ၂၀ ရက်ကနေ ၂၆ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
စစ်တပ်က ဓနုဒေသမှအမျိုးသမီး သုံးဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြိး နိုင်ကျဉ်းသူတစ်ဦးကိုလည်း လိင်အကြမ်းဖက်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ စစ်တပ်ကဒေသခံအမျိုးသမီး သုံးဦးကိုအုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာမရှိတဲ့ အကျဉ်းသူတချို့ကိုလည်း အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ ဝယ်ယူခွင့်ပိတ်ထားကြောင်း ဧပြီလ၂၄ ရက်က ထုတ်ပြန်တဲ့”ဓနုတို့၏ အချက်အချာနယ်မြေတွင် စစ် ကောင်စီက ပြင်းထန်စွာ ပိုမိုပြုလုပ်လာသည့်အစုအပြုံလိုက်ညှဉ်းပန်းနှိပ်စက်မှုများ”အစီရင်ခံစာမှာဖော်ပြထား တာဖြစ်ပါတယ်။
ဒီအစီရင်ခံစာမှာ စစ်သားတွေကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဖော်ပြထားပြီး ၂၀၂၃ ခုနှစ် မေလက တပ်မ (၅၅) တပ်သားတွေက အမျိုးသမီး ၃ ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနဲ့ နှင့် ရွာငံမှာ ဖမ်းဆီးခံရကာ လိင် ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံ ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကိုလည်း ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် မေလ ၆ ရက်က ရွာငံ-သာစည်နယ်စပ် တိုက်ပွဲဖြစ်ပွားနေစဉ် တောထဲမှာစစ်ဘေးရှောင်နေရတဲ့ ရွာခံ အမျိုးသမီးငယ် ၃ ဦးကို စစ်သား ၆ ဦးကအုပ်စုလိုက် မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အသက်၂၃ နှစ်အရွယ် ရွာငံဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးကို တပ်မ ၅၅ မှ စစ်သားတွေက နေအိမ် မှာလာ ရောက်ဖမ်းသွားပြီး ရဲစခန်းမှာ ငါးရက်တိုင်တိုင် နည်းမျိုးစုံနဲ့ ရိုက်နှက်စစ်ဆေးခဲ့ပါတယ်။
ရိုက်နှက်တာအပြင် စစ်သားတွေက အမျိုးသမီးမိန်းမကိုယ်အတွင်းထဲကို နံပါတ်တုတ်နဲ့ထိုးတာ၊ အင်္ကျီ ချွတ် ပြီးခါးပတ်နဲ့ ရင်သားတွေကို ရိုက်၊ ပါးတွေကို ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ နောက်နေ့ သူတို့မေးတာမဖြေရင် မုဒိမ်းကျင့်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ နောက်ရက် နေ့လယ်လောက်မှာလာခေါ်သွားပြီး ညပိုင်းအချုပ်ထဲ ပြန် လာပို့တော့ဒီအမျိုးသမီးရဲ့ မိန်းမကိုယ်မှာသွေးတွေထွက်နေတယ်လို့ ဒီအမျိုးသမီးနဲ့အတူ အချုပ်ကျခဲ့တဲ့ အကျဉ်း သူတစ်ဦးက ပြောပါတယ်။
ရွာငံရဲစခန်းက သူတို့နဲ့ မပူးပေါင်းတဲ့အကျဉ်းသူတစ်ချို့ကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်ယူခွင့်မပေးဘူး လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံတဲ့လူငယ်တွေက စစ်သင် တန်း တွေ တက်ပြီး ပြန်လည်တိုက်ခိုက်တာကြောင့် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဆိုပါတယ်။
ရွာငံဒေသမှာ အဓိကစစ်ရေးလှုပ်ရှားတဲ့စစ်တပ်မှာ ကလောအခြေစိုက် ခြေမြန်တပ်မ(၅၅)ဖြစ်ပြီး ဒီတပ်ကရွာငံ မှာ ဖြစ်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အဓိကတာဝန်ရှိသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌက ပင်းတယမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဦးအာကာလင်း ဖြစ်တာ ကြောင့် ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံရမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
Source – People’s Spring
နမ့်ဆန်မြို့ ကျေးရွာတစ်ခုမှ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စုထဲက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် ၂၀ နှစ်အရွယ်အစ်ကိုဝမ်းကွဲတော်စပ်တဲ့ အိုက်စိန်ကချောက်တစ်ခုထဲခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်။
“သူတို့(ကျူးလွန်သူ)သားအမိက အဲရွာကလူ မဟုတ်ဘူး။ သူ့အမေရဲ့ ညီမအိမ်မှာ လာနေပြီး လက်ဖက် လာခူးတာ ပေါ့။ အဲဒီကောင်လေးက သူ့အမေရဲ့ တူပေါ့နော်။ သူ့ညီမရဲ့ သားဆိုတော့ ဘာမှမဖြစ်လောက်ဘူးပေါ့။ အဲနေ့က သူတို့လက်ဖက်သွားခူးတာ။ သူတို့ခူးတဲ့နေရာက ကုန်းနည်းနည်းစောင်းတာပေါ့နော်။ သူ့အမေက သူ့သမီးကို အဲဒီ မှာမြေပြန့်တယ်ဆိုပြီး နေခိုင်းတယ်။ သူ့အမေက အောက်မှာ သွားခူးမယ်ဆိုပြီး သွားလိုက်တာ။ အဲဒီအချိန်မှာပဲ အဲဒီကောင်လေးက ရောက်လာ ပြီး ကလေးကို ချောက်ထဲခေါ်သွားတယ်။ ပြီးကလေးရဲ့ မိန်းမကိုယ်ကို ဓားနဲ့ခွဲပြီး အဓမ္မကျင့်လိုက်တာ”လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်ဟာ လက်ရှိမှာတော့ မူဆယ်မြို့မှာ ဆေးကုသမှုခံယူနေပြီး ကျူးလွန်သူ အိုက် စိန်ကိုတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာတိုင်ကြားတာ၊ အရေးယူတာ မရှိသေးဘူးလို့ သိရပါတယ်။
Source – ရွှေဖီမြေ
ရှမ်းတပ်သားသုံးဦးက မိန်းကလေးငယ်တစ်ဦးကို လိမ်လည်ဖမ်းဆီးပြီး မဖွယ်မရာစစ်ဆေး
ရှမ်းတပ်သားသုံးဦးက မိန်းကလေးငယ်တစ်ယောက်ကို လိမ်လည်ဖမ်းဆီးကာ မဖွယ်မရာစစ်ဆေးပြီး ချုပ်နှောင် နေတဲ့ ရုပ်သံဖိုင်လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေပါတယ်။
စကားပြောစက်ပါတဲ့ တပ်သားတစ်ယောက်က လက်မှာ မူးယစ်ဆေးဝါးတစ်ထုပ်ကို လက်ကြားထဲ ညှပ်ထားကာ မိန်းကလေးငယ်ရဲ့လွယ်အိတ်ထဲ စစ်ဆေးပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး လက်နဲ့ လည်ပင်းကို နောက်ပြန် ကြိုးစွပ်ကာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဒီစစ်သားက ကျန်တဲ့ မိန်းကလေးငယ်နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကို မဖွယ်မရာထိတွေ့ပြီး စစ်ဆေးတာကို ရုပ်သံမှာ တွေ့မြင် နေရပါတယ်။ ဒီစစ်ဆေးတဲ့စစ်သားတွေက ဘယ်အဖွဲ့အစည်းကလဲဆိုတာကိုတော့ ရွှေဖီမြေက အတည် မပြုနိုင်သေးပါဘူး။
Source – ရွှေဖီမြေ
နှစ်ရက်တာ လေတပ်ဗုံးကြဲမှုမှာ ၄၀ ထက်မနည်း သေဆုံး၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေပါဝင်
ငလျင်ဘေးနဲ့ အပစ်ရပ်ထားချိန်မှာ လေတပ်က နေ့စဉ်ဗုံးကြဲနေရာ ၂ ရက်အတွင်း သေဆုံးရသူ တွေထဲမှာ ၁၀ နှစ် သား ကိုရင်၊ ၈ လသား ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီးတွေလည်းပါဝင်နေတာဖြစ်ပါတယ်။
ဧပြီ ၁၉ နဲ့ ၂၀ ရက်မှာ လေတပ်က တိုင်းနဲ့ ပြည်နယ် ၄ ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ငယ်နဲ့ ကိုယ်ဝန်ဆောင်သည်တွေအပါအဝင် ၄၀ ဦးထက်မနည်း သေဆုံးကာ ၆၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ ပါတယ်။
မြင်းမူမြို့နယ်၊ ကန်တော်ရွာမှ ၅ ဦး၊ ကန့်ဘလူမြို့နယ် သင်တောကျေးရွာမှ ၆ ဦး၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာမှ ၂ ဦးနဲ့ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာမှ ကလေးများအပါအဝင် အရပ်သား ၂၄ ဦး၊ မွန်ပြည်နယ် ဘီလင်း မြို့နယ် မင်းစောရွာဘုန်းကြီးကျောင်းမှ အမျိုးသမီး ၂ ဦးနဲ့ ကိုရင် ၁ ပါး၊ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲ ကျေးရွာမှ မြေးအဖိုး ၂ ဦး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေသေဆုံးရတာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဝန်ခံထားပြီး “ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့သဘောပဲ”လို့ ချေပပြောခဲ့တာဖြစ်ပါတယ်။
Source – Myanmar Now
လိင်လုပ်သား အမျိုးသမီးများ ပေါ်ပေါ်ထင်ထင်တွေ့လာရသည့် မြို့စစ်တွေ
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေရှိလမ်းမကြီးနဲ့ နာမည်ကြီးစားသောက် ဆိုင်တွေမှာ ယခုလပိုင်းအတွင်း လိင်လုပ်သားအမျိုးသမီးတွေကို ပေါ်ပေါ်ထင်ထင်တွေ့မြင်လာရကြောင်း စုံစမ်း သိရပါတယ်။
လုံခြုံရေး စိုးရိမ်ချက်ကြောင့် စစ်တွေမှ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ငွေကြေးပြည့်စုံသူတွေအပါအဝင် ဒေသခံ အများစုမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေပြီး မြို့တွင်းမှာ အခြေခံလက်လုပ်လက်စားနဲ့ နွမ်းပါးသူအများစုသာ ကျန်ပါတော့တယ်။
မြို့တွင်းပိတ်မိချိန် ကြာမြင့်လာတာနဲ့အမျှ ဒေသခံတွေမှာ အလုပ်အကိုင်မရှိ၊ စားဝတ်နေရေး၊ ငွေကြေးကျပ်တည်း မှုနဲ့ အငတ်ဘေးတို့ကြောင့် အမျိုးသမီးတွေမှာ ဝင်ငွေရလိုရငြား လိင်လုပ်သားအလုပ်ကို လုပ်ကိုင်လာတာများ ရတယ်လို့ မြို့ခံတွေက သုံးသပ်နေပါတယ်။
စစ်တွေမြို့တွင်းနေ ဒေသခံ ၁၀ ဦးထက်မနည်းကို DMG က မေးမြန်းကြည့်ရာ လိင်လုပ်သား အမျိုးသမီးများကို စစ်တွေမြို့ ဝေသာလီဘောလုံးကွင်း၊ အဝေးပြေးကားဂိတ်ဝန်းကျင်၊ ဘိုးဘွားရိပ်သာအနီး၊ ကမ်းနားလမ်း၊ BXT ဆိပ်ကမ်း၊ ရွှေပြည်သာ ကားဂိတ်အနီး၊ မြို့တွင်း နာမည်ကြီးစားသောက် ဆိုင်အချို့တို့မှာ ပေါ်ပေါ်ထင်ထင် တွေ့ မြင်လာရတာဖြစ်ပါတယ်။
Source – DMG
ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးသတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေလို့ AA ပြော
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ကလေးမိခင်ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင် နှစ်ဦးကို ပြစ်မှုဖြစ်ပွားတဲ့နေထဲက ဖမ်းဆီးထိန်း သိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ဦးခိုင်သုခက “ဒီကိစ္စမှာ တရားမျှတမှုရရှိဖို့အတွက် ပြစ်မှုပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန်အရေး ယူဆောင် ရွက်သွား မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေမှာဖြစ်သလို AA တပ်သားတွေကိုယ်တိုင် ကျူးလွန်တဲ့ မုဒိန်းမှု ဖြစ်တာကြောင့် ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးနဲ့ အရေးယူပေးဖို့ကိုလည်း ပလက်ဝအခြေစိုက် ချင်းအရပ် ဘက်လူမှုအဖွဲ့ အစည်းတွေက တောင်းဆိုထားပါတယ်။
ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံကလေးမိခင် အမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် နှစ်ဦးက ပြီးခဲ့တဲ့ဧပြီလ ၅ ရက်က မုဒိန်းကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ ကြိုးစားစဉ် လွန်ခံရသူရဲ့ ယောက္ခမ က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတာကြောင့် အသက်ဘေးကနေ လွတ်ခဲ့တာဖြစ်ပါတယ်။
Source – Narinjara
အိန္ဒိယနိုင်ငံမှ မြန်မာကို လွှဲပြောင်းပို့ခံရတဲ့အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်တပ်က ဆက်လက် ဖမ်းဆီးထားတဲ့ အပေါ် တာဝန်ယူမှုရှိဖို့ တောင်းဆို
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်ကနေ မြန်မာနိုင်ငံ၊ စစ်ကောင်စီထံလွှဲပြောင်းပို့ခံရတဲ့ မြန်မာနိုင်ငံ သား အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်အများကြီးမှုတည်ကာ၊အိန္ဒိယအစိုးရကိုတောင်းဆိုနေကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်က မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို အိန္ဒိယဘက် ကတာဝန်ရှိ သူတွေက စစ်ကောင်စီထံ မတ်လ ၂၁ ရက်က အိန္ဒိယ – မြန်မာနယ်စပ်ရှိ တမူးနယ်စပ်ကနေ တဆင့်လွှဲ ပြောင်းပေး ခဲ့တာဖြစ်ပြီး ဒီလွှဲပြောင်းပေးပို့ခံရသူတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ စစ် ကောင်စီက တမူးမြို့အချုပ်ထဲမှာ ဆက်လက်ဖမ်းချုပ်ထားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊အင်ဖားထောင်ကနေ စစ်ကောင်စီထံ လွှဲပြောင်းပေးပို့ခံရတဲ့ မြန်မာနိုင်ငံသား အမျိုး သမီးနဲ့ ကလေး ၂၇ ယောက်ဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကလို့လည်း သိရပါတယ်။
Source – Chin World
ဗုံးကြဲခံရမှုကြောင့် အရပ်သား ၂၀ ဦးကျော်သေဆုံးရတဲ့အထဲမှာ အမျိုးသမီး၊ ကလေးတွေနဲ့ သံဃာတွေပါဝင်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ပတ် အတွင်း အရပ်သား ၂၀ ဦးကျော်သေဆုံးပြီး ၄၀ ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒူးသထူ(သထုံ)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်တို့ရှိ အရပ်သားပြည်သူများ နေထိုင် ရာ ကျေးရွာများသို့ ပေါင် ၅၀၀ ဗုံး၊ ပေါင် ၂၀၀ ဗုံးများကို စစ်ကောင်စီက Y12 ဗုံးကြဲ လေယာဉ်၊ ဂျက်တိုက် လေယာဉ်တို့နဲ့ ကြဲချခဲ့တာပါ။
“ကျုံဒိုးကမ်းနီ ဘုန်းကြီးကျောင်းဖြစ်စဉ်တို့ ဘီးလင်းမင်းစောရွာ ဘုန်းကြီးကျောင်း၊ ကော့ကရိတ်အင်းကြီး ဘုန်းကြီးကျောင်း အဲ့လိုမျိုး ဘုန်းကြီးကျောင်းတွေကြဲချတာ ၈ ကျောင်းရှိတယ်။ စာသင်ကျောင်း ၃ ကျောင်း ရှိ တယ်။ ရွာ ၂၀ ဝန်းကျင်ရှိတယ်။ တစ်ချို့ ရွာတွေဆို ၃ခေါက်လောက် ရှိပြီးပြန်လာကြဲနေတာ။ လူကြီး၊ ကလေး၊ မိန်းမတွေနဲ့ ဘုန်းကြီး၊ ကိုရင်ရယ်ပေါင်းရင် ၂၀ ကျော်ရှိပြီး၊ ထိခိုက်တာက ၄၀ ဝန်းကျင်ရှိပြီ မနေ့ကအထိ”လို့ စစ်ရှောင်ကူညီရေးကွန်ရက်အဖွဲ့က ပြောပါတယ်။
ဧပြီ ၂၂ ရက် နံနက်ပိုင်းမှာ ကော့ကရိတ် စကခ-၁၂ ဌာနချူပ် အနောက်ဘက်ရှိ ကမ္မရမ်းရွာကို ဒရုန်းနဲ့ ဗုံးကြဲ တိုက် ခိုက်လို့ အရပ်သား သုံးဦးဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ကျုံဒိုးကမ်းနီရွာ ဗလီလည်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
Source – KIC
ဖလမ်းမြို့မှထွက်ပြေးတဲ့ ကလေးနဲ့ အမျိုးသမီး ၆၂ ဦးအပါအဝင် တပ်မိသားစု ၁၇၀ ကျော်ကို ပြန်လည်ဖမ်းမိ
ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက ဧပြီလ ၇ ရက်က သိမ်းပိုက်ပြီးထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၁၇၅ ဦး ပြန်လည်ဖမ်းမိပြီး ၁၀ ဦးလွတ်မြောက်သွားတယ်လို့ CNO ပြောရေးဆိုခွင့်ရ ဆလိုင်းတီမီထွဋ် ထံသိရ တယ်။
စစ်သား ၁၁၃ ဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေဖြစ်တဲ့ ကလေးနဲ့ အမျိုးသမီးများ ၆၂ ဦးဖမ်းဆီးရမိခဲ့တာပါ။ ကျန်တဲ့ ၁၀ ဦးကတော့ ကလေးမြို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။
၂၆၈ တပ်ရင်းမှူးကတော့ လက်နက်ကြီးဒဏ်ရာနဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး အရှင်ဖမ်းမိတဲ့ထဲမှာ G1 အဆင့် လည်းပါဝင်ပါတယ်။ ဖလမ်းမြို့သိမ်းတလျှောက် စစ်သုံ့ပန်း ၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားသလို ရဲစခန်း သိမ်းတုန်းက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့လို့ ၈ ဦးသေဆုံးခဲ့ ရပါတယ်။
Source – Zalen
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ချီးမြှင့်
၂၀၂၅ ခုနှစ်အတွက် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား တစ်ယောက်ဖြစ်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့် လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကိုတော့ အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေတဲ့ တခြားမြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုး အတွက်ကိုယ်ကျိုးစွန့် ပြီး စွမ်းစွမ်းတမံဆောင်ရွက်နေကြသူတွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီး မြှင့်နေတာပါ။
ဒီဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်တာကြောင့် အခုနှစ်မှာ ၁၆ ကြိမ်မြောက် ရှိ သွားပြီ ဖြစ်ကာ ဂုဏ်ပြုပွဲအခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ဌာနခွဲ (ဟူစတန်မြို့)မှာ လာ မယ့် မေ ၂၄ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source – DVB
ထားဝယ်မှာ သီလရှင် မီးသင်္ဂြိုဟ်စက်တည်ဆောက်မည်
ထားဝယ်မြို့မှာ သီလရှင်တွေအတွက် သီးသန့်အသုံးပြုဖို့ မီးသင်္ဂြိုဟ်စက် တည်ဆောက်မည်ဖြစ်ကြောင်း ထား ဝယ်မြို့ သီလရှင် မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရပါတယ်။
ထားဝယ်မြို့ရှိ ဩဝါဒစရိယဆရာတော်တွေရဲ့ မိန့်ကြားခွင့်ပြုချက်နဲ့ ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်၊ ဘုန်းကြီးပျံကုန်းမှာရှိတဲ့ ဘုန်းကြီးမီးသင်္ဂြိုဟ်စက်နံဘေးမှာ တည်ဆောက်မှာဖြစ်ပါတယ်။“တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ သီလရှင် ဆရာလေး၊ ဆရာကြီးတွေရဲ့ သီလဂုဏ်၊ ပညာဂုဏ်နဲ့အညီ နောက်ဆုံး ခရီးကို တပည့်ဒကာတွေက တင့်တင့်တယ်တယ် ကျင်းပပေးနိုင်အောင်ပါပဲ။ အခုက လူတွေနဲ့အတူ သင်္ဂြိုဟ် နေရ တဲ့အခါကျတော့ မသင့်တော်ဘူးလို့ မြင်တယ်ပေါ့နော်၊ ဒါကြောင့်ပါ”လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ ရဟန်းသံဃာတော်တွေအတွက် အသုံးပြုတဲ့သင်္ဂြိုဟ်စက်တစ်ခုသာရှိပြီး သီလရှင်တွေအတွက် သီးသန့်မရှိပါဘူး။ ဒီအတွက် သီလရှင်များ နာရေးဖြစ်ရင် အများပြည်သူအသုံးပြုတဲ့ ဇဟာကျေးရွာက ဘာသာ ပေါင်းစုံသုသာန်မှာ သင်္ဂြိုဟ်နေရတာပါ။
Source – Dawei Watch
ငလျင်ကြောင့် မန္တလေးအိုးဘိုထောင်မှ အကျဉ်းသူ ၁၀ ဦးအပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံး
စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးအိုးဘို အကျဉ်းထောင်မှ အကျဉ်းသူ ၁၀ ဦးအပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး ၂၈၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေဟာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးနဲ့ တခြားအကျဉ်းသား ၁၀ ဦး ပါဝင် ပါတယ်။
ဧပြီလ ၁၆ ရက်စာရင်းအရ စစ်ကောင်စီက ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးသူ ၃၇၀၆ ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၅၀၂၇ ဦးနှင့် ပျောက်ဆုံးနေသူ ၁၃၀ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။ အမှန်တကယ် သေဆုံးဒဏ်ရာ ရသူတွေမှာ စစ်ကောင်စီထုတ်ပြန်ထားတာထက် ပိုမိုများပြားနေခဲ့တာဖြစ်ပါတယ်။
ငလျင်သင့်ခဲ့သည့် ဒေသများရှိ အကျဉ်းထောင်တွေလည်းထိခိုက်မှုရှိတဲ့အထဲမှာ မန္တလေးတိုင်း အိုးဘိုအကျဉ်း ထောင်က ငလျင်ကြောင့် ထိခိုက်သေဆုံးမှုအများဆုံးထောင်ဖြစ်တယ်လို့ သိရပါတယ်။
Source – Western News
ပဲခူးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦး သေဆုံး လေးဦး ဒဏ်ရာရ
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက် ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၇၀ ကျော်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ရှစ်နှစ်အရွယ် ကလေးငယ်အပါ အဝင် အရပ်သား လေးဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂၄ ရက် နံနက်အစောပိုင်းက ညောင်ခြေထောက်အခြေစိုက် စစ်ကောင်စီနဲ့ ခလရ (၇၃) တပ်ရင်းတို့မှ လက် နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာသောင်ပုချောင်ကျေးရွာထဲ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားသေဆုံး ထိခိုက် ခဲ့တာပါ။
ထိခိုက်ဒဏ်ရာရသူလေးဦးမှာ ၈ နှစ်ကလေးငယ်အပါအဝင်သုံးဦးမှာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ တောင်ငူ ခရိုင်တပ်ရင်း (၃၅၀၂)က အသိပေးပါတယ်။
Source – People’s Spring
ကန့်ဘလူမှာ ဗုံးကြဲခံရလို့ အမျိုးသမီး သုံးဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာမှာ စစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး သုံးဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံက သိရပါတယ်။
လေကြောင်းကနေ ဗုံးကြဲခံရလို့ အသက် ၅၀ အရွယ် ဦးကျော်မင်းကြီး၊ အသက် ၃၀ အရွယ်ကိုဖိုးမော့နဲ့ကိုမင်းမင်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်မာနှင်းနဲ့ ဒေါ်စော၊ အသက် ၂၀ အရွယ် မမိသေး တို့ ၆ ဦးနေရာတင် သေဆုံး သွားတာဖြစ်ပါတယ်။
Source – မြေလတ်အသံ
- မီးဖွားပြီးစ စိတ်ကျဝေဒနာ ခံစားရတဲ့ မိခင်တွေကို တာဝန်ခွဲဝေယူပေးဖို့လိုအပ် - 20/05/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 17/05/2025
- ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ - 16/05/2025