တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များ
ဧပြီ ၁၂ ရက်မှ ၁၈ ရက်တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HIကစုစည်းဖော်ပြလိုက်ပါတယ်။
သင်္ကြန်အလွန် မွန်ပြည်နယ်မှာ အမျိုးသမီးစစ်မှုထမ်းခေါ်မယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်မှုမြင့်တက်နေ
မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတွေက သင်္ကြန်ပွဲတော်ကာလပြီး အမျိုးသမီးစစ်မှုထမ်းတွေခေါ် ယူ မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်တဲ့ အမျိုးသမီးငယ်တွေကြား စိုးရိမ်စိတ်တွေမြင့်တက် ပြီး တဖက်နိုင်ငံတွေကို သွားရောက်ဖို့ ပြင်ဆင်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။
လက်ရှိစစ်ကောင်စီရဲ့ အမျိုးသမီးစစ်မှုထမ်း စတင်ခေါ်ယူတော့မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် အမျိုးသမီး တွေဟာ လမ်းသွားရင်တောင်လုံခြုံမှုမရှိတော့သလို အချိန်မရွေးစစ်မှုထမ်းစုဆောင်းခံရနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ အမျိုးသမီးတွေကပြောပါတယ်။
စစ်ကောင်စီ ပြန်လည်အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားဖြစ်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အတွင်း ရှိတဲ့အမျိုးသမီးတွေဟာ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်ထိစစ်မှုထမ်းရမှာဖြစ်ပြီး မွန်ပြည်နယ်မှာတော့စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြန်လည်အသက်သွင်းပြီးနောက် မတ်လအထိစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အထိသင်တန်း ပေးထားကာ အဲဒီထဲမှာတော့အမျိုးသမီးတွေပါဝင်တာမရှိသေးဘူးလို့ သိရပါတယ်။
Source- Than Lwin Times
အမျိုးသမီး ၈၃ဦး အပါအဝင်ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၁၅၀ ခန့်ကိုသင်္ကြန်အကြိုနေ့မှာ AA လွှတ်ပေး
အာရက္ခတပ်တော်(အေအေ)ကမင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသား ၂၆ ဦး၊ အမျိုး သမီး ၈၃ ဦးနဲ့ ကလေး ၆၁ ဦးအပါအဝင် မိသားစုဝင်ပေါင်း ၁၅၀ ခန့်ကိုဧပြီ ၁၃ ရက်သင်္ကြန်အကြိုနေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပေးတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ အေအေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မင်းပြားတိုက်ပွဲမှာ ဖမ်းမိခဲ့တာဖြစ်တာကြောင့် အဖမ်းခံရတာတနှစ်ကျော်ရှိပြီ ဖြစ်ကာ အမျိုးသား ၂၆ ဦးက စစ်ကောင်စီတပ် ဖွဲ့ဝင်တွေဖြစ်ပြီး အမျိုးသမီး ၈၃ ဦးထဲမှာတော့ စစ်မေတွေ ပါသလို မိသားစုဝင်တွေလည်းပါ ဝင်ပြီးရာထူးအဆင့်အနေနဲ့ တပ် ကြပ်အဆင့်ရှိသူတွေဖြစ်တယ်လိုဆိုပါတယ်။
မင်းပြားမြို့ကို အေအေက ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သိမ်းနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့ ၁၄ မြို့ကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အေအေ က ရခိုင်တိုက်ပွဲ တွေအတွင်းမှာ ဖမ်းဆီးထားတဲ့စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်၁၁၆ ယောက်နဲ့သာမန်အကျဉ်းသား ၂၆ ယောက် ကို လွတ်ငြိမ်းခွင်ပေးခဲ့ပါသေးတယ်။
Source- BBC
မျက်နှာရေပက်ခံရပြီး ဆိုင်ကယ်မှောက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံး
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရွှေတောင်မှော်ရွာမှာ ဧပြီ ၁၅ရက်နေ့(သင်္ကြန်အကြတ်နေ့)ကဆိုင်ကယ်စီးနင်းလာတဲ့ ကိုယ်ဝန် ဆောင်အမျိုးသမီးကို လမ်းပေါ်မှာရေကစားနေကြသူတွေက ရေပက်ရာမှ ဆိုင်ကယ်ဟန်ချက်ပျက်ကာတိမ်းမှောက်ပြီး ကိုယ် ဝန်ဆောင်အမျိုးသမီး သေဆုံးခဲ့ပါတယ်။
ယင်းအမျိုးသမီးမှာအသက်၂၀ ကျော် အရွယ်ရှိပြီး ကိုယ်ဝန် ၂ လ ရှိပြီဖြစ်ကာ ဆိုင်ကယ်တိမ်းမှောက်ကာတဖက်ယာဉ် ကြောမှကားဖြင့်တိုက်မိပြီးနောက် နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး၏ နာရေးကို ဧပြီ ၁၆ ရက် နေ့ညနေမှာ ပြု လုပ်မယ်လို့ သိရပါတယ်။
ရေပက်ခံရမှုကြောင့် ဆိုင်ကယ်တိမ်းမှောက်ကာ လူသေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူများက ဝမ်း နည်းကြောင်းရေးသားထားကြသလိုစည်းကမ်းမဲ့ရေကစားမှုအပေါ် ဝေဖန်မှုများလည်း ရှိနေပါတယ်။
Source- Mizzima
စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦး သေဆုံး၊ ၈၈ ဦး ဒဏ်ရာရရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၀၊ ဒဏ်ရာရသူ ၄၉ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံး သူ ၅ ဦး၊ ဒဏ်ရာရသူ ၂၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၁၅ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ၇ ဦး ဖြစ်တယ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ မကွေးတိုင်းက ၁၅ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သေဆုံးသူ ၁၂ ဦး၊ စစ်ကိုင်း တိုင်းမှာ ၉ ဦး၊ ပဲခူးတိုင်းမှာ ၇ ဦး၊ ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ တနင်္သာရီ စတဲ့ဒေသတွေမှာ နှစ်ဦးစီနဲ့ ဧရာဝတီတိုင်းမှာ တစ်ဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေပူဆွေးသောကရောက်နေချိန် စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုး ဖောက်မှု တွေကို နည်းလမ်းပေါင်းစုံနဲ့ ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source- RFA
ကော့ကရိတ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးအပါအဝင် ၆ ဦး သေဆုံး
စစ်ကောင်စီက ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ရက်ဆက် ပြုလုပ်ခဲ့ရာ အမျိုးသမီး နဲ့ကလေးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး သံဃာ ၁၀ ပါးနဲ့ အရပ်သား ၇ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၁၅ ရက် မွန်းတည့်ချိန်မှာကော့ကရိတ်မြို့အနောက်ဘက် ၁၄ မိုင်ခန့် အကွာ ကမ်းနီရွာကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲခံရပြီး ဘုန်းကြီးကျောင်းအနီး ပေါက်ကွဲခဲ့တာကြောင့် အသက် ၂ နှစ်ခွဲနဲ့ ၃ နှစ်ခွဲအရွယ် ကလေးတစ်ဦး ၊ အသက် ၁၅ နှစ် အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးသေဆုံးကာ သံဃာ ၁၀ ပါးအပါအဝင် ဒဏ်ရာရသူ ၁၇ ဦးရှိတယ်လို့ ဟု မွန်ပြည်သစ်ပါတီ- စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD က ပြောပါတယ်
လက်ရှိတွင် ဒဏ်ရာရသူများကို ဆေးကုသမှုများ လုပ်ဆောင်ပေးနေသလို ကမ်းနီရွာသူရွာသားများက လေကြောင်းမှ ထပ်မံ ဗုံးကြဲမှာကို စိုးရိမ်တာကြောင့်ဘေးလွတ်ရာရှောင်နေကြ တယ်လို့သိရပါတယ်။
Source- Myanmar Now
ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းကျန်းမာစွာရှိ
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် ထိခိုက်ပျက်စီးမှုများသော်လည်း အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ ဘေးကင်းစွာဖြင့် ကျန်းမာလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ထံ တပတ် တခါပို့ပေးနေကျ အစားအသောက်များကိုလည်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းပုံမှန်ပို့ပေးနေရတယ်လို့ ၎င်းနဲ့နီးစပ်သူများ ထံမှသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်ဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဖျံရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းလည်းထွက်ပေါ် လာပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ နေပြည် တော် အချုပ်ထောင်မှတဆင့် ပျဉ်းမနားမြို့အနီး သဲဖြူကျေးရွာအခြေစိုက် အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ အရာရှိ ငယ်နေတဲ့ အိမ်တလုံးသို့ ပြောင်းရွှေ့ချုပ်နှောင်ထားခဲ့သလို လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စစ်တပ် ဆရာဝန်များက တာဝန်ယူထားပါတယ်။
Source- Irrawaddy
ဖာပွန် မှာအမျိုးသမီးငယ် ၃ ဦးမိုင်းထိဒဏ်ရာရ
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မဇင်မြတ်နိုး၊ အသက် ၁၇ နှစ်အရွယ် မကြယ်စင်လင်းသန့် ၊ အသက် ၁၂ နှစ်အရွယ် မစင်သီတာသိမ့်တို့ ၃ ဦးဟာ ရပ်ကွက်အနီးရှိ သံလွင်မြစ်ကမ်း ဘေးမှာရေကူးဖို့သွားရောက်ချိန် မိုင်းနင်းမိခဲ့ပြီးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်တွေကပြောပါ တယ်။
မိုင်းပေါက်တဲ့နေရာက လူသွားလူလာများတဲ့နေရာဖြစ်ပြီး မဇင်မြတ်နိုးက မိုင်းနင်းမိခဲ့တာဖြစ်သလို အတူတူသွားတဲ့ နောက် မိန်းကလေးနှစ်ယောက်လည်း မိုင်းထိသွားပြီး မဇင်မြတ်နိုးကဒဏ်ရာပိုများတယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။
မိုင်းနင်းမိလို့ အမျိုးသမီးငယ် ၃ ဦးဟာ ခြေထောက်နဲ့ လက်တွေမှာ မိုင်းစမှန်ဒဏ်ရာရသွားပြီး တစ်ဦးမှာခြေထောက်ဖြတ် ရမယ့် အခြေအနေမှာရှိတာကြောင့် ဘားအံ မြို့နယ်ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်။
ဖာပွန်မြို့အနီးမှာ စစ်ကောင်စီဘက်ကကော KNLA ပူးပေါင်းတပ်တွေဘက်ကပါ စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့် ဘယ် အဖွဲ့ဘက်က ထောင်ထားတဲ့မိုင်းဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။
Source- သံလွင်တိုင်းမ်
အမျိုးသမီး ၂၃ ဦး အပါအဝင် ကျိုက်ထီးရိုး ဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီကိုလာကြတဲ့ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ဘုရားဖူး ၄၈ ဦးကို PDF အဖွဲ့တွေကဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ယင်းတို့က ကင်မွန်းချောင်း ကျေးရွာ၊ ကဒက် ချောင်းမှာရှိတဲ့ ဝါဆိုမိုးစားသောက်ဆိုင်မှာ ထမင်းစားနေစဉ် လက်နက်ငယ် တွေနဲ့ရောက်ရှိလာပြီး ကားပေါ် ခေါ်တင်သွားတာလို့ဆိုပါတယ်။ အဲဒီအထဲက ၄၃ ဦးကို ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဝင်းကံကျေးရွာကနေ ပဲခူးတိုင်းရွှေကျင်မြို့နယ် ဘက်ကို ခေါ်ဆောင်သွားပြီး ကျန်ငါးဦးကတော့ သီးခြားခေါ်ဆောင်သွား တာ လို့ဆိုပါတယ်။
ဘုရားဖူးတွေကို ခေါ်ဆောင်သွားတာဟာ PDF အဖွဲ့တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ဘယ် အဖွဲ့ဆိုတာကို သီးခြားအတည်မပြုနိုင်သေးသလို PDF အဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
Source- RFA
မဲဆောက်မြို့ရောက် မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအဖွဲ့က လက်မှုထုတ်ကုန် ပစ္စည်းတွေကို ရောင်းချပြီး ငလျင် ဘေး သင့် ပြည်သူတွေကို လှုဒါန်း
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာအမျိုးသမီး လက်မှုလုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Resilient Women’s Creative Network အဖွဲ့က ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံကို ပြသရောင်းချပြီး ရရှိလာတဲ့ ငွေကြေးအား လုံးကို ငလျင်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီအဖွဲ့ဟာ ဧပြီ ၁ ရက်နေ့ကတည်းက စတင်လှည့်လည်ရောင်းချခဲ့တာဖြစ်ပြီး အခုဆိုရင် ထိုင်းဘတ်ငွေ ၁ သိန်းခွဲ ရရှိထားပြီး ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ ရောင်းချလို့ရရှိလာတဲ့ အလှူငွေအားလုံးကို စစ်ကိုင်းဘက်က ငလျင်သင့်တော်လှန်ရေးမိသားစု တွေဆီ ပို့ဆောင်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Resilient Women’s Creative Network အဖွဲ့ဟာ စစ်အာဏာရှင်ကို တော်လှန်ရင်းကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ အခက် အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင် ကိုယ်တက်ကျွမ်းတဲ့ အတတ်ပညာတွေနဲ့ ဖန်တီးထုတ်လုပ်နေသူ အမျိုးသမီး တွေစုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
Source -DVB
- မီးဖွားပြီးစ စိတ်ကျဝေဒနာ ခံစားရတဲ့ မိခင်တွေကို တာဝန်ခွဲဝေယူပေးဖို့လိုအပ် - 20/05/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 17/05/2025
- ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ - 16/05/2025