Home သတင်း လိင်အကြမ်းဖက်မှုတရားခံဦးမဲခေါင်ကိုဖမ်းမိပြီ

လိင်အကြမ်းဖက်မှုတရားခံဦးမဲခေါင်ကိုဖမ်းမိပြီ

ကန့်ဘလူအချုပ်စခန်းအတွင်း လိင်အကြမ်းဖက်မှုဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ် Non CDM ကျန်းမာရေးဝန် ထမ်းကို လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တဲ့ ကန့်ဘလူမြို့နယ်နဲ့ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ခေါင်းဆောင် ဦးမဲခေါင်ကို ဒီနေ့မှာ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီ ဖြစ်ကြောင်း တန့်ဆည်(ပလဖ)တာဝန်ခံတစ်ဦးဆီကသိရပါတယ်။

“ဒီနေ့ နေ့လည်မှာ သူကိုယ်တိုင်လာအဖမ်းခံတာပါ။ တန့်ဆည်(ပလဖ)မှာ လက်ရှိထိန်းသိမ်းထားပါတယ်။ ကျန်တာတွေကိုတော့ ကန့်ဘလူ(ပလဖ)နဲ့ ပူးပေါင်းပြီးဆောင်ရွက်သွားမှာပါ။ ကန့်ဘလူနယ်က တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး သူတို့ဆီပြန်လွှဲပေးသွားမှာပါ” လို့သူကပြောပါတယ်။

ကန့်ဘလူအချုပ်စခန်းအတွင်း လိင်အကြမ်းဖက်မှုဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ် Non CDM ကျန်းမာရေးဝန် ထမ်းကို ကန့်ဘလူမြို့နယ်နဲ့ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ခေါင်းဆောင်ဦးမဲခေါင်၊ တလင်တမယား ဥပ ဒေနဲ့ အချုပ်ကျနေတဲ့ အချုပ်သူတစ်ဦးကို စခန်းမှူးဖြစ်သူ ဦးရဲရင့်၊ ပဇီကြီးဖြစ်စဉ်နဲ့ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်း ဆီးခံရတဲ့  ၁၀တန်းကျောင်းသူကို (ပလဖ) အဖွဲ့ဝင် ဦအာကာနဲ့ တလင်တမယားဥပဒေနဲ့ အချုပ်ကျနေတဲ့ အခြား အချုပ်သူတစ်ဦးကို စခန်းမှုးဖြစ်သူ ဦးအောင်ဇေယျတို့က လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ကြတာပဲဖြစ်ပါတယ်။

NUG ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ကန့်ဘလူအချုပ်ခန်းတွင်း လိင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့က မြေပြင်မှာ စုံစမ်းစစ်ဆေးနေစဉ် ကာလတွင် တိုင်ကြားခံထားရသူ သုံးဦးကို တာဝန်မှယာယီ ရပ်ဆိုင်းပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကပြော ကြားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဗဟိုတိုင်ကြားစာ ကော်မတီ ကနေ အွန်လိုင်းကတဆင့် စစ်ဆေးခဲ့သလို မြေပြင်မှာလည်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ရဲချုပ်ကိုယ်တိုင် စစ် ဆေးဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်း” အစီအစဉ်မှာ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောခဲ့တာပါ။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးမဲခေါင်နဲ့ အဖွဲ့ဝင် ၃ ဦးကို တာဝန်က ယာယီရပ်ဆိုင်း ထားသလို နစ်နာသူအမျိုးသမီးတွေကိုလည်း လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးထားတယ်လို့ အဲဒီနေ့မှာ ထည့် သွင်း ပြောဆိုခဲ့ပါတယ်။

ထုတ်ပြန်ပြီးနောက်ရက်ပိုင်းအတွင်း တာဝန်ခံဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦးဟာ ထွက်ပြေးသွားခဲ့တယ်လို့ သတင်း တွေထွက်ပေါ်ခဲ့သလို စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦးဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကန့်ဘလူမြို့နယ် ကိုယ်စားပြု စစ်ကိုင်းတိုင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် အရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

Author:

Related Articles