သတင်းတို
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ ဦးဆောင်ပြီး“ဂျန်ဒါရေးရာတရားမျှတမှုနှင့် ဖိုဝါဒကျောထောက် နောက်ခံမျက်မှောက် မြန်မာ့နိုင်ငံရေးဖိုရမ်”ကို အွန်လိုင်းကနေပြုလုပ်ခဲ့ပါတယ်။
အဆိုပါဖိုရမ်မှာမြန်မာနိုင်ငံရှိအမျိုးသမီးတွေဟာစိန်ခေါ်မှုတွေကြားကနေဖိုဝါဒလွှမ်းမိုးတဲ့ဖွဲ့စည်းပုံတွေ၊စနစ် တွေကိုတက်တက်ကြွကြွတွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်တယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့မူဝါဒရေးရာအဖွဲ့ ဝင် ဒေါ်တင်တင်ညိုကဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ဂျန်ဒါအခြေပြုခွဲခြားဆက်ဆံမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်း၊ စိတ်ဓာတ်ခွန်အားပေးခြင်းစတဲ့လှုပ်ရှားမှုတွေနဲ့အမျိုးမျိုးသောအဖွဲ့အစည်းတွေမှာပါဝင်နေကြတယ်လို့ ဒေါ်တင်တင်ညိုကဆိုပါတယ်။
ဒီဖိုရမ်မှာဖိုဝါဒကြီးစိုးတဲ့စနစ်ဆိုတာဘာလဲ၊ဖိုဝါဒကြီးစိုးတဲ့လူ့အဖွဲ့အစည်းကဘယ်လိုဖြစ်ပေါ်လာခဲ့လဲ၊ဖိုဝါဒကြီး စိုးမှုကိုဆန့်ကျင်တွန်းလှန်ခြင်းနဲ့ဖိုဝါဒကြီးစိုးမှုကလူ့အဖွဲ့အစည်းအတွင်းဘာကြောင့်ဆက်လက်ရှင်သန်နေလဲ၊ကျား၊မတန်းတူရေးကိုအဟန့်အတားဖြစ်စေတဲ့အချက်တွေနဲ့ဆောင်ရွက်သင့်တဲ့အသိပညာပေးအစီအစဉ်တွေ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်းအကြမ်းဖက်စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေပိုမိုများပြားလာရခြင်းအကြောင်းအရင်းအချို့အပြင်စစ်ကြောရေးစခန်းတွေမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံတွေ ပဋိပက္ခနဲ့ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအကြမ်းဖက် စစ်အုပ်စုသာမကတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ပါကျူးလွန်လျက်ရှိတဲ့ သာဓက ဖြစ်စဉ်တွေ ရှင်သန် လွတ်မြောက်လာသူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေအကြောင်းကိုမြန်မာ့အမျိုးသမီးသမဂ္ဂရဲ့တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) မဝေဝေက ဆွေးနွေးတင်ပြခဲ့ပါတယ်။
တက်ရောက်လာတဲ့အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊အမျိုးသမီးခေါင်းဆောင်တွေအသီးသီး ကလည်း နယ်မြေအလိုက်ဖြစ်ပေါ်နေတဲ့ ဖိုဝါဒကြီးစိုးမှု၊ကျောထောက်နောက်ခံစစ်ရေး နိုင်ငံရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို နယ်မြေ ဒေသအလိုက်ကိုယ်တွယ်ဖြေရှင်းနေတဲ့ အခြေအနေ အခက်အခဲစိန်ခေါ်မှုတွေကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးအဆိုပါ စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မယ့်နည်းလမ်းတွေကိုနယ်မြေဒေသအသီးသီးကအမျိုးသမီးရေးတက်ကြွလှုပ်ရှား သူတွေ အမျိုးသမီးခေါင်းဆောင်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
ဖိုရမ်ကို မြန်မာ့အမျိုးသမီးသမဂ္ဂက ဦးဆောင်ပြီး နယ်မြေဒေသအသီးသီးက အမျိုးသမီးအခွင့်ရေး တက်ကြွလှုပ် ရှားသူတွေအမျိုးသမီးခေါင်းဆောင်တွေသတင်းမီဒီယာများနဲ့လေ့လာသူတွေစုစုပေါင်း (၁၃၀ )ဝန်းကျင်ခန့်တက် ရောက်ဆွေးနွေးခဲ့ကြပါတယ်။