လက်ရှိ ရခိုင်မှာ လွန်စွာမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမှာ ပြန်လည်ပေါ်ပေါက်လာနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအန္တရာယ်နှင့် တင်းမာတွေ ပိုမိုတိုးပွါးလာနေချိန် လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ဖို့ နှစ်ဆကြိုးပမ်းနေကြတဲ့ ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီးနှင့် လူငယ်တွေကို အပြည့်အဝ ထောက်ခံ အားပေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားတွေ ပြန့်ပွါးနေတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က မေလ ၁ ရက်နေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“လူမှုသဟဇာတဖြစ်မှု(Social cohesion)ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး အတူတကွ လက်တွဲ လုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ် များကို ကျွန်တော်တို့အနေဖြင့် အပြည့်အဝထောက်ခံအားပေးပါသည်”လို့ ကုလသမဂ္ဂ(မြန်မာ)ရဲ့ ထုတ်ပြန်ချက် မှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ ဘူးသီးတောင်နှင့် မောင်တောဒေသမှာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော် (AA)တို့ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြား အတူတကွနေထိုင်နေကြတဲ့ လူမျိုးစုနှစ်ခုကြား လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခဖြစ်အောင် ဖန်တီးတာ၊ လှုံ့ဆော်တာ၊ အမုန်းစကားဖြန့်ဝေတာတွေကို လုပ်ဆောင်နေတာ တွေ့ရတယ် လို့ နှစ်ဖက်လူ့အဖွဲ့အစည်းက လူတချို့က ပြောပါတယ်။
အခုလို ပဋိပက္ခဖြစ်အောင် ဖန်တီးနေချိန် နှစ်ဖက်စလုံးက အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ တခြား အဖွဲ့ အစည်းတွေက လူထု နားလည်သဘောပေါက်အောင် ရှင်းပြသင့်တယ်လို့ အမျိုးသမီးအဖွဲ့အစည်းများက တာဝန် ရှိသူတချို့က ပြောပါတယ်။
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025