Home ဆောင်းပါး ရှေးရိုးစွဲအယူအဆတွေကြားက Nude Art Model အဖြစ်ရပ်တည်နေသူ Kore Su

ရှေးရိုးစွဲအယူအဆတွေကြားက Nude Art Model အဖြစ်ရပ်တည်နေသူ Kore Su

မေ

“Nude တွေရိုက်တယ်ဆိုတာ ငွေအတွက်မဟုတ်ဘူး။ဂုဏ်အတွက်မဟုတ်ဘူး။နာမည်ကြီးချင်လို့လည်းမဟုတ်ဘူး။ ကိုယ်ကိုတိုင်အတွက်ပဲ”လို့အမျိုးသမီးတဦးကသူ့ရပ်တည်ချက်ကိုပြတ်သားစွာဆိုပါတယ်။

သူမကအသက်(၃၄)နှစ်အရွယ်  Nude Art Model အဖြစ်ရပ်တည်လုပ်ကိုင်နေတဲ့ Kore Su ပါ။သူမဟာ မြန်မာနိုင်ငံမှာNudeArtModelအလုပ်ကိုအသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လူသိထင်ရှားလုပ်ကိုင်တဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။

သူမအသက်(၂၉)နှစ်အရွယ်ကစပြီးဒီအလုပ်ကိုစတင်စိတ်ဝင်စားခဲ့တာဖြစ်သလိုစီးပွားရေးမပြေလည်မှုကြောင့်စိတ်ဓာတ်ကျနေတဲ့အချိန်အဝလွန်နေတဲ့ခန္ဓာကိုယ်ကြောင့်ရှင်သန်ရတာအဓိပ္ပာယ်မဲ့နေတဲ့အခြေအနေတွေကနေ ရုန်းထဖို့ လမ်းစတစ်ခုအနေနဲ့ တွေရှိခဲ့တာ Nude Art Model အလုပ်လို့ဆိုပါတယ်။

“လှပတယ်ဆိုတာကိုကိုယ့်ကိုကိုယ်သက်သေပြချင်တဲ့စိတ်တစ်ခုတည်းနဲ့ဒီအလုပ်ကိုရွေးချယ်ခဲ့တာ”လို့သူမက ပြောပါတယ်။

၂၀၁၉ခုနှစ်လောက်ကစတင်ပြီးတစ်ယောက်ထဲprivateအနေနဲ့ဓာတ်ပုံဆရာတချို့နဲ့ဓာတ်ပုံတွေစရိုက်ကြည့်ခဲ့သလိုPublicကိုမချပြသေးချိန်မိဘဆွေမျိုးအသိုင်းအဝိုင်းကိုပဲအသိပေးခဲ့ကာသူမအနေနဲ့ဒီလမ်းကြောင်းကိုလျှောက်မယ်ဆိုတာသေချာတဲ့အထိအချိန်ယူစဉ်းစားပြီးမှလုပ်ကိုင်ခဲ့ရတာလို့ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေအပြင်lifecoachအနေနဲ့ပါလုပ်ကိုင်နေတဲ့သူမဟာNudeArtModelလမ်းကြောင်းကို လျှောက်ဖို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချခဲ့ရတယ်လိုဆက်ပြောပါတယ်။

“ကိုယ်တိုင်ကlifecoachအနေနဲ့သူများတွေကိုအကြံပေးတာ၊အိပ်မက်တွေနောက်ကိုလိုက်ဖို့အမြဲလမ်းညွန်ခဲ့ပေ မယ့်ကိုယ့်ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ကျတော့မဝံ့မရဲဖြစ်နေခဲ့သေးတယ်။နောက်ဆုံးမှာတော့ဒီအလုပ် ကိုနှစ်နှစ်ကာကာလုပ်ချင်တယ်ဆိုတာသိလာတဲ့အတွက်ဒီအလုပ်ကိုသေချာလျှောက်လှမ်းခဲ့ဖြစ်တယ်”လို့ပြော ပါတယ်။

Nude Art Modelအဖြစ်ပထမဆုံးရိုက်ကူးခဲ့တဲ့အတွေ့အကြုံကသူမအတွက် စွန့်စားမှုတွေအပြည့်နဲ့ စတင်ခဲ့ တယ်လို့ ဆိုပါတယ်။

“ဒီအချိန်မှာပြန်စဉ်းစားရင်ရူးမိုက်တဲ့အလုပ်လို့ပြောရမှာပေါ့။ကိုယ်မသိတဲ့နေရာတစ်ခုကိုကိုယ်နဲ့မသိတဲ့သူစိမ်း ယောကျာ်းလေးတစ်ယောက်ကခေါ်တဲ့ဟာကိုစွန့်စွန့်စားစားသွားခဲ့တယ်။ဓာတ်ပုံရိုက်တော့လည်းမိန်းကလေးက ကိုယ်တစ်ယောက်ထဲကျန်တာကအကုန်ယောကျာ်းလေးတွေ၊မီးထိုးမှန်ထိုးတွေဆိုလည်းယောကျာ်းလေးတွေပေါ့။ ယောကျာ်းလေးအုပ်စုလိုက်ကြီးကိုကျွန်မကယုံကြည်ပြီးတော့ဓာတ်ပုံသွားရိုက်တယ်ပေါ့”လို့သူမပထမဆုံးလုပ်ဖြစ် ခဲ့တဲ့ အကြောင်းကိုပြောပြပါတယ်။

အဲ့ဒီခရီးစဉ်မှာမှဲ့တစ်ပေါက်မစွန်းပဲအလုပ်ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အတွက်သူမအနေနဲ့ဒီအလုပ်အပေါ်ပိုပြီး ယုံကြည်မှုရှိလာပြီး လက်ရှိအချိန်ထိဆက်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီခရီးစဉ်မှာဓာတ်ပုံရိုက်ကူးခဲ့တဲ့ဓာတ်ပုံဆရာကပန်းချီပြန်ဆွဲပြီးရန်ကုန်မှာရှိတဲ့The moon gallery caféမှာချိတ်ဆွဲခဲ့ပါတယ်။အဲ့ဒီပန်းချီကားကနေတစ်ဆင့်လူသိများလာပြီးNudeArtModelလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ခဲ့တာလို့ ဆက်ပြောပါတယ်။

Nudeartmodelဆိုတာအဝတ်ဗလာနဲ့ရိုက်ရုံသပ်သပ်မဟုတ်ပဲရသပါတဲ့အနုပညာတစ်ခုဖြစ်တယ်လို့သူမကခံယူ ထားတယ်လို့ဆိုပါတယ်။

“ကိုယ်ဘယ်လိုမျိုးပုံရိပ်တစ်ခုကိုပုံဖော်ချင်တာလဲဆိုတဲ့ composition တွေပါလာမယ်။ အိုင်ဒီယာတွေပါလာမယ်။ ဘာကိုချပြချင်တာလဲ ဘာကိုမြင်အောင်ပြချင်တာလဲ ဒီမိန်းကလေးတစ်ယောက်ရဲ့အလှတရားကိုပြချင်တာလား။ ဒါမှမဟုတ်ရင် အခန်းထဲမှာရှိနေတဲ့ ဝမ်းနည်းကြေကွဲနေတဲ့ မိန်းကလေးတစ်ယောက်ကိုပုံဖော်ချင်တာလား။ စသဖြင့်ပေါ့။သူ့အနောက်မှာရသပါလာတာပေါ့။အဲ့ဒါကိုကျွန်မကတော့Nudeartလို့ယူဆတာပေါ့”လို့ရှင်းပြပါတယ်။

နိုင်ငံတကာမှာဒီအလုပ်ကိုတရားဝင်အနေနဲ့လုပ်ကိုင်နေကြတာဖြစ်ပေမယ့်မြန်မာနိုင်ငံမှာတော့cultureအရဖုံးဖိ ထားတဲ့အတွက် အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ်လုပ်ကိုင်ကြတာရှားတယ်လို့ ဆိုပါတယ်။

“တခြားနိုင်ငံတကာမှာဆိုပန်းချီဘက်ကပဲပြောပြောဓာတ်ပုံဘက်ကပဲပြောပြော ဒီအလုပ်ကတရားဝင်အလုပ်လည်း ဖြစ်တယ်။ ဘာမှရှက်စရာ သိမ်ငယ်စရာဖြစ်နေတဲ့အလုပ်မျိုးလည်းမဟုတ်ဘူးပေါ့။ ဒါကမိန်းကလေးတယောက်က သူ့ဘာသူရွေးချယ်ထားတဲ့အလုပ်ပဲပေါ့”လို့သူမကဆက်ပြောပါတယ်။

မိသားစုနဲ့မိတ်ဆွေအသိုင်းအဝိုင်းတွေကသူမရဲ့ရပ်တည်ချက်အပေါ်မှာဝေဖန်တိုက်ခိုက်တာမျိုးမရှိပဲအားပေးကြပေမယ့်သူမအကြောင်းသေချာမသိသူတွေကတော့ဝေဖန်တာမျိုးတွေရှိတယ်လို့ဆိုပါတယ်။

ရှေးရိုးစွဲအယူအဆတွေများတဲ့မြန်မာနိုင်ငံမှာNudeArtModelအဖြစ်လုပ်ကိုင်တဲ့အတွက်စိန်ခေါ်မှုများစွာကြုံတွေ့ ရသလိုအဖော်အချွတ်ရိုက်တဲ့မိန်းကလေးဆိုရင်ကောင်းတဲ့မိန်းကလေးမဟုတ်ဘူးဆိုတဲ့စွပ်စွဲချက်အမြင်တွေရင် ဆိုင်ရတာအဆိုးဆုံးပဲသူမခံစားချက်ကိုပြောပါတယ်။

သူမအနေနဲ့ဒီလိုအမြင်စွဲတွေချိုးဖျက်ဖို့အဖော်အချွတ်တွေရိုက်ကူးနေပေမယ့်လည်းအမျိုးသမီးတစ်ယောက်ရဲ့ စိတ်နေ စိတ်ထား၊ကိုယ်ကျင့်တရားစတာတွေကိုစံပြဖြစ်အောင်နေထိုင်ခဲ့သလိုသူမကိုယ်တိုင်လည်းဒီအလုပ်ကိုလုပ် ဖြစ်တဲ့အကြောင်းအရင်းတွေထဲမှာလူမှုအသိုင်းအဝိုင်းရဲ့သတ်မှတ်ချက်တွေကိုတွန်းလှန်ချင်စိတ်ကတစ်စိတ် တစ်ပိုင်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်

“ဒီအယူအဆတွေကို တွန်းလှန်ဖို့အတွက် အနုပညာကိုလုပ်တာမဟုတ်ပေမယ့်  အနုပညာထဲမှာကိုက ဒီ societyကို တွန်းလှန်ချင်တယ်ဆိုတဲ့စိတ်ထားမျိုးပါတယ်ဆိုတာ ဝန်ခံရမှာပေါ့လေ”လို့သူကဆိုပါတယ်။

သူမနဲ့လက်တွဲလုပ်ကိုင်ခဲ့တဲ့ဓာတ်ပုံပညာရှင်တွေရဲ့အားထုတ်မှုကြောင့်သူမပါဝင်တဲ့ဓာတ်ပုံတွေဟာနိုင်ငံတကာ  မဂ္ဂဇင်းတွေမှာဖော်ပြခံခဲ့ရသလို ကိုယ်တိုင်လည်းဓာတ်ပုံတွေရိုက်တဲ့အချိန်တိုင်း မော်ဒယ်တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

သူမရဲ့ရည်မှန်းချက်က nude art ပန်းချီတွေစုစည်းထားတဲ့ပန်းချီပြပွဲလုပ်ဖို့၊ documentary ရိုက်ဖို့နဲ့ သူ့မရဲ့ပန်းချီကားတွေကိုနိုင်ငံတကာပြပွဲတွေမှာပြသနိုင်ပြီးကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ဖို့ဖြစ်ပြီးပထမအိမ် မက်ဖြစ်တဲ့ပန်းချီပြပွဲကိုတော့ ယခုနှစ်အတွင်းမှာပဲအကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ပန်းချီဆရာ(၂၆)ယောက်ဆွဲထားတဲ့သူမရဲ့ပန်းချီကား(၆၁)ကားကိုစုစည်းပြသခဲ့တာဖြစ်ပြီးသူမရဲ့ပွဲကိုလူငယ်တွေအပြင်ဝါရင့်စာပေ၊ပန်းချီ၊ဓာတ်ပုံအသိုင်းအဝိုင်းကဆရာကြီးတွေကိုယ်တိုင်လာရောက်အားပေးပြီးဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

သူမကရန်ကုန်ဇာတိဖြစ်ပြီးမိဘနှစ်ပါးနဲ့မောင်ငယ်တစ်ယောက်ရှိပါတယ်။အသက်(၁၃)နှစ်သမီးကတည်းက မိသား စုနဲ့ခွဲနေကာအမျိုးအိမ်ကနေကျောင်းတက်ခဲ့သလိုငယ်ဘဝရဲ့အချိန်တော်‌တော်များများကိုစာဖတ်ရင်းကုန် ဆုံးစေခဲ့ သူဖြစ်ပြီးငယ်ငယ်‌ထဲကသူများတွေကိုကူညီပေးချင်ပြီးပြသနာတွေကိုကူညီဖြေရှင်းပေးချင်တဲ့အတွက်အရွယ် ရောက်လာတဲ့ အခါ life coach အလုပ်ကိုလုပ်ကိုင်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

ရှေ့ဆက်ပြီးperformanceartတွေဆက်လုပ်သွားဖို့နဲ့documentaryရိုက်ကူးဖို့ကိုလည်း အ‌ကောင်အထည်ဖော်နေ ဆဲဖြစ်သလိုနိုင်ငံတကာပြပွဲတွေမှာပန်းချီကားတွေသွားရောက်ပြသနိုင်ဖို့နဲ့ကိုယ်တိုင်သွားရောက်ကြည့်ရှု့နိုင်ဖို့ ကတော့ကြိုးစားအားထုတ်မှုနဲ့ ကံတရားရဲ့ဖေးမမှုကိုစောင့်ရမယ်လို့သူမကယုံကြည်ပါတယ်။

လောကီပိုင်းမှာတော့အနုပညာအလုပ်တွေလုပ်သွားချင်တဲ့ဆန္ဒတွေရှိပြီးလောကုတ္တရာမှာတော့ဒီဘဝဒီခန္ဓာမှာ တရားထူးတရားမြတ်ကိုရချင်တဲ့ဆန္ဒလည်းရှိတယ်လို့ သူမရဲ့အတွေးကို ပြောပြပါတယ်။

“ဒီဘဝမှာတရားရချင်တယ်။လုံလောက်အောင်လည်းတရားအားထုတ်သွားချင်တယ်။အဲ့အတွက်လည်း အချိန်တွေ အများကြီးပေးခဲတ့ယ်။တကယ်လည်းလုပ်နေတယ်ဆိုတော့အဲ့အိမ်မက်ကလည်းongoingလို့ပြောရမှာပေါ့”လို့ ဆက်ပြောပါတယ်။

တရားရအောင်ကျော်လွှားရင်းနဲ့မှလူတွေကိုကူညီပါမယ်ဆိုပြီးတကူးတကသွားကူချင်တာမျိုးမဟုတ်ဘဲကိုယ်နဲ့ အပ် ဆက်လာတဲ့ကိုယ့်ရဲ့အရိပ်ကိုရောက်လာတဲ့ကိုယ်နဲ့ထိတွေ့ရတဲ့လူတွေအကုန်လုံးကိုတက်နိုင်သလောက်ကူညီ သွားချင်တာမျိုးကတော့ သူ့မရဲ့ဆန္ဒလို့ပြောပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့NudeArtအနုပညာလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်း“NudeArtModel အဖြစ်လမ်းကြောင်း တစ်ခုဖောက်ထားနိုင်ခဲ့ဖို့Nudeရိုက်တဲ့အမျိုးသမီးတွေဟာအများထင်သလိုပျက်စီးနေတာမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ဖို့အဓိကရည်ရွယ်တာပါ”လို့သူမခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။

Author:

Related Articles