Home သတင်း ရသေ့တောင်မြို့နယ်က ကျောင်းဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူနှစ်ဦးထဲမှ တစ်ဦးထွက်ပြေးလွတ်မြောက်ဟုဆို

ရသေ့တောင်မြို့နယ်က ကျောင်းဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူနှစ်ဦးထဲမှ တစ်ဦးထွက်ပြေးလွတ်မြောက်ဟုဆို

ရခိုင်ပြည်နယ်မှာအမျိုးသမီးတွေသတ်ဖြတ်ခံရ၊ အဓမ္မပြုကျင့်ခံရတာတွေ အမှုမှန်ပေါ်ပေါက်စေလိုဟု ပြည်သူများတောင်းဆို

သန့်ရှင်းထွန်း။ ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ၊ကျွန်းပေါ်ပေါက်တောကျေးရွာက ပန်းဖော်ပြင်ရွာကို စာပြသွားချိန် လမ်းမှာအသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမအမှုမှာ အဓိကသံသယရှိသူနှစ်ဦးထဲမှတစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ပြန်ပါတယ်။

ကျောင်းဆရာမအသတ်ခံရမှုနှင့်ပတ်သက်လို့ ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာ ၁၇ရက်မှာ အဓိကသံသယရှိသူ အမျိုးသားနှစ်ဦးနဲ့ ဆက်စပ်သံသယရှိသူ အမျိုးသားတစ်ဦးကို  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီလိုစစ်ဆေးမှုတွေပြုလုပ်နေချိန်မှာပဲ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပေါ့ဆမှုကြောင့် အဓိကသံသယရှိသူ မောင်မောင် အေးမှာ စက်တင်ဘာ၁၉ရက်နေ့ ညအချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဦးခိုင်သုခရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမမှာ လည်ပင်းပြတ်ရှဒဏ်ရာအပြင် ခန္ဓာကိုယ်ပေါ်မှာ တခြားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ပေမယ့် ဆေးစစ်တာတွေမလုပ်ခဲ့ဘဲ ချက်ချင်းမီးသဂြိုလ်ခဲ့ တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ရွာသားတွေက ပြောပါတယ်။

ကျောင်းဆရာမသေဆုံးမှုနှင့် ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့ မိသားစုဝင်တွေနဲ့ ရခိုင်တစ်ပြည်လုံးက ဒေသခံတွေ တောင်းဆို နေကြပြီး အမျိုးသမီးတွေရဲ့ လုံခြုံရေးအပေါ်စိတ်မချမှုတွေဖြစ်နေတယ်လို့ ဆရာမအသိုင်းအဝိုင်းက ပြောပါတယ်။

ဦးခိုင်သုခကတော့ ထွက်ပြေးလွတ်မြောက်သွားသူကို ဖမ်းဆီးရမိဖို့ အစွမ်းကုန်ကြိုးစားနေပြီး နောက်ထပ် အဓိကသံသယရှိသူ တစ်ဦးနှင့် ဆရာမသေဆုံးနေတာကို စတင်တွေ့ရှိခဲ့သူ ခြောက်ဦးကိုလည်း စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ ဦးခိုင်သုခ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေနှင့် မိန်းကလေးတွေဟာ မကြာခဏ သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ မကြာခဏဖြစ်လာတာတွေ့ရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေဖြစ်ပေမယ့် သက်ဆိုင် ရာ တာဝန်ရှိတဲ့စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့က ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်တာတွေ မရှိသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။

Author:

Related Articles