Home သတင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာမတစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာမတစ်ဦး အသတ်ခံရ

သန့်ရှင်းထွန်း

စက်တင်ဘာ ၁၆ ၊ ၂၀၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ၊ ပန်းဖော်ပြင်ရွာမှာ တာဝန်ကျနေတဲ့ အသက် ၂၇ နှစ်အရွယ် ကျောင်းဆရာမတစ်ဦး စာပြသွားချိန်လမ်းမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

အဲဒီဆရာမဟာ ရသေ့တောင်မြို့နယ်၊မယူကမ်း ကျွန်းပေါ်ပေါက်တောကျေးရွာကနေ တာဝန်ကျနေတဲ့ ပန်းဖော်ပြင်ကျေးရွာကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက စာပြဖို့သွားချိန် လမ်းခုလတ်မှာ အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

မျက်မြင်တွေရဲ့ ပြောကြားချက်အရ ကျောင်းဆရာမမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်ပြီးတခြား ပြစ်မှုကျူးလွန်ခံထားရမှုရှိမရှိကို အသေးစိတ်မသိရသေးဘူးလို့ ပန်းဖော်ပြင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီလောက်မှာ ရွာသားတွေက ဆရာမသေဆုံးနေတာကို တွေ့ခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာကတော့ စစ်ဆေးမှုတွေလုပ်နေပါတယ်”လို့ သူကပြောပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးက ကျေးရွာတွေအားလုံးဟာ ရခိုင်ရွာတွေဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေဟာ မကြာခဏ သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ ဖြစ်လာပြတာတွေ့ရပါတယ်။

အဲဒီလိုဖြစ်စဉ်တွေ ဖြစ်ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိတဲ့ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့က ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်တာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Author:

Related Articles