Home သတင်း ဒေါ်အောင်ဆန်းစုကြည်ကို အမှု ငါးမှုအတွက် ထောင် ဒဏ်လျော့ပေါ့ခွင့်ပေးဟု စစ်ကောင်စီကြေညာ

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ငါးမှုအတွက် ထောင် ဒဏ်လျော့ပေါ့ခွင့်ပေးဟု စစ်ကောင်စီကြေညာ

နွေဦးမောင်

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော ပြစ်ဒဏ်များမှ အမှု ငါးမှုအတွက် ပြစ်ဒဏ်လျော့ပေါ့၍ သက်သာခွင့်ပြုလိုက်ကြောင်း သြဂုတ် ၁ ရက်(ယနေ့)တွင် စစ်ကောင်စီက ကြေညာသည်။

ဒေါ်အောင်စုကြည်အပေါ် စစ်ကောင်စီက တရားစွဲဆိုထားသော အမှုပေါင်း ၁၉ မှုရှိရာ ၎င်းအမှုအားလုံးအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီး ယင်း ၁၉ မှုမှ အမှု ငါးခုအတွက် ပြစ်ဒဏ် လျော့ပေါ့ပေးခဲ့သည်ဖြစ်ရာ ကျန်ပြစ်ဒဏ်များအတွက် ဆက်လက်ထိန်းသိမ်းခံထားရမည်
ဖြစ်သည်။

စစ်ကောင်စီလျော့ပေါ့လိုက်သည့်ပြစ်ဒဏ်များတွင် ပုဒ်မ ၅၀၅(ခ)နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သ ဘာ၀ဘေးစီမံဥပဒေဖြင့် စွဲဆိုထားသောအမှုနှစ်ခု၊ ဆက်သွယ်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှုတစ်ခုဖြင့် စုစုပေါင်းအမှု ၅ ခုမှ လက်ကျန်ပြစ်ဒဏ်များကို လျော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။

အလားတူ သမ္မတဦးဝင်းမြင့်အားလည်း တရားစွဲဆိုထားသော အမှု ၈ ခုမှ ပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးစီမံအမှုအတွက် လက်ကျန်ပြစ်ဒဏ်များကို လျော့ပေါ့ပေးလိုက်ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် သေဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့်အနေဖြင့် ထောင်ဒဏ်တသက်သို့ပြောင်းကျခံစေရန်နှင့် အကျဥ်းသား၊ အကျဥ်းသူ ၇,၇၄၉ ဦး၊ နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ ၁၂၅ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင် ၂၂ ဦးတို့ကို စစ်ကောင်စီက ယနေ့ သြဂုတ် ၁ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့သည်။

Author:

Related Articles