ရုန်းကန်နေရတဲ့မသန်စွမ်းလက်ရွေးစင် အားကစားမယ်ဟောင်း
ရိုက်ကူး – Honest Information
မကေသီမိုးဟာ မြန်မာ့လက်ရွေးစင် မသန်စွမ်း သံလုံးပစ် အားကစားသမားဟောင်းတစ်ယောက်ပါ။
သူဟာ အသက် ငါးနှစ်အရွယ်မှာ ဆေးထိုးမှားခဲ့တာကြောင့် ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်း ဖြစ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။
အလှပြင် ဆံပင်ညှပ် ပညာတွေကို ဝါသနာပါခဲ့ပေမယ့် ဘဝအာမခံချက်အတွက် ပိုပြီး အဆင်ပြေမယ်ထင်တဲ့ အားကစားသမားဘဝကို ရွေးချယ်ခဲ့တယ်လို့ သူကပြောပါတယ်။
မသန်စွမ်း မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့ပေမယ့် ကစားသမားဘဝက အနားယူချိန်မှာတော့ လုံလောက်တဲ့ထောက်ပံမှုတွေ မရဘဲ ရုန်းကန်နေရတယ်လို့ မကေသီမိုးဆိုပါတယ်။
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025
- တပြိုင်တည်း တိုက်ပွဲနှစ်ရပ် ဆင်နွဲနေရတဲ့ အမျိုးသမီးများ - 09/07/2025