Home ကဗျာ        “ သူမထဲက ဒွိဟ ”

       “ သူမထဲက ဒွိဟ ”

တင်မေဦး။ ။

ရင်ခုန်သံ စည်းချက်

နာရီသံ တချက်ချက်

သက်ပြင်းရှည်အသံများ

ဂါဝန်၊ထဘီနဲ့ စံသတ်မှတ်ချက်များ

သတ်မှတ်ထားတဲ့အဝတ်အစား

လမ်းတွေကိုဖြတ်သွား

တစ်စုံတစ်ဦးအဖြစ် ဟန်ဆောင်နေရသလိုပါပဲ။

ပုဂ္ဂလိက ပိုင်ဆိုင်မှု

မီးခိုးရောင် ကိုက်ခဲမှု

ရိုက်သွင်းခံ ယဉ်ကျေးမှု သာမက

လိင်အင်္ဂါခွဲခြားမှု လူမှုစည်း

ခရီးမတွင်သော ခြေလှမ်းများ

စိတ်နဲ့ပဲ ချိတ်ဆက်ထား

လေယူရာယိမ်းခံယူချက်များ

လေနှင်ရာ သယ်ဆောင်သွား

ခန္ဓာကိုယ်နှင့် ဖြစ်ပျက်မှု

လူ့ဂုဏ်သိက္ခာများ

တစ်ဖက်စွန်းမှာ လူ့အတ္တများ

ဖြစ်တည်မှုတွေ ချနင်းရင်း

တခုတ်တရ မှန်ဘောင်သွင်း

ရောင်နီသန်းလာတဲ့ ရွေးချယ်ခွင့်များ

အရိပ်တွေက လွတ်မြောက်ဖို့

သော့ခလောက်အတွက် သော့တံပဲ။

သက်တောင့်သက်သာဖြစ်စေမှု

သူမကို သူမ ချစ်ခင်မြတ်နိုးစုံမက်မှုတွေ

လွတ်မြောက်မှုတစ်ခုစီက ဦးတည်လာ။

ဟာမိုနီ သို့မဟုတ် လိုက်ဖက်ညီစွာ ….

ကွဲပြားမှုတွေ ဆာလောင်လိုက်တာ

လက်ခံတတ်ခြင်း၊

ဂုဏ်ယူတတ်ခြင်း၊

တရားမျှတခြင်းမှာ အဖြေရှာ

ဒွိဟတွေဟာ လှပခြင်းတစ်ခုပါ။ ။

Author:

Related Articles