Home သတင်း “တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”

“တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”

မတ် ၁၃ မှ ၁၉ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားသည်များကို HI မှ စုစည်းဖော်ပြပေးလိုက်ရပါသည်။

  • စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးအယောက်၄၄၀ကျော် သတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်၍ အမျိုးသမီးအယောက် ၄၄၀ ကျော်အပါအဝင် ပြည်သူ ၃,၁၂၀ ကျော် ရက်ရက် စက်စက်သတ်ဖြတ်ခံခဲ့ရပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူတွေကို ဦးခေါင်းတည့်တည့်ချိန်၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ၆၇ ကြိမ်မြောက် Commission of the Status of Women အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

စစ်တပ်က အမျိုးသမီးများ၊ မိန်းကလေးငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် အချိတ် အဆက်မိမိ တိုက်ခိုက်နေပြီး ယင်းကျုးလွန်မှုတွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။
Source –DVB

  • စစ်တွေတက္ကသိုလ်တွင် ပထမနှစ်ကျောင်းသူတစ်ဦးကို အခန်းစောင့်ဆရာမမှ ရိုက်နှက်ခဲ့

ရခိုင်ပြည်နယ် ၊ စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုစဉ် ဒသနိကဗေဒမေဂျာမှကျောင်းသူနှစ်ဦး မေးခွန်းလဲလှယ်သည့် အတွက် အခန်းစောင့်ဆရာမမှ ဆဲဆိုကြိမ်းမောင်းပြီး ပထမနှစ်ကျောင်းသူတစ်ဦးကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှု ဖြစ်ပွား ခဲ့သည်။

ကျောင်းသူကိုရိုက်နှက်ခဲ့သည့် အခန်းစောင့်ဆရာမမှာ ရူပဗေဒဌာနမှ တွဲဘက်ပါမောက္ခဆရာမတစ်ဦးဖြစ်ပြီး ယင်းဖြစ်စဉ်ကို တက္ကသိုလ်အာဏာပိုင်များမှ အရေးယူဖြေရှင်းပေးရန် စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တောင်းဆိုထားသည်။
Source – DVB

  • ရေဖြူမြို့နယ်တွင် အမျိုးသမီးသုံးဦးကို စစ်တပ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အသက်၁၈နှစ်ဝန်းကျင်အရွယ် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံခုနစ်ဦးကို တော်လှန် ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟု စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးခဲ့သည်။

ရေဖြူမြို့နယ် ၊ဇင်းဘာရွာမှ အသက် ၁၇နှစ်အရွယ် မကေသီသီလင်း ၊ကျောက်ရှပ်ရွာမှ ၁၈နှစ်အရွယ် မသက်မြတ်နိုးတို့မှာ ဆိုင်ကယ်စီးနင်းလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းတို့နှင့်ဆက်စပ်၍ အသက်၁၇နှစ်အရွယ် မမိုးမြတ်နဒီထွေးအပါအဝင် အခြား အမျိုးသားလေးဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Source –Myanmar Now

  • တန့်ဆည်တွင်အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ကာပေါင်းကျကျေးရွာက အသက်၂၆နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် အဓမ္မကျင့်သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့သည်။

ယင်းအမျိုးသမီးသည် တန့်ဆည်လမ်းဆုံစျေးဟောင်းအတွင်း ကုန်စုံဆိုင်တစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် မတ်လ၄ရက်နေ့၌ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတ် ၁၁ ၌ တန့်ဆည်အရှေ့ဖက်တွင် အဓမ္မပြုကျင့်ခံရပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Source – PVTV

  • ခရစ်ယာန်သာသနာပြု မြန်မာဇနီးမောင်နှံ အိန္ဒိယနိုင်ငံတွင်ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှ ခရစ်ယာန်သာသနာပြုဇနီးမောင်နှံ Limdai Merr နှင့် Veikhohat Hatnu တို့ကို အိန္ဒိယနိုင်ငံ မဏိပူအာဏာ ပိုင်များက နိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ယင်းဇနီးမောင်နှံမှာ ၂၀၂၃ ဇန်နဝါရီတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံကျေးရွာတစ်ခုသို့ ဝင်ရောက်ခဲ့ပြီးနောက် နေထိုင်ခွင့် အထောက်အထားအတုပြုလုပ်၍ ဒေသခံတစ်ဦးနေအိမ်တွင်နေထိုင်ခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။
Source- Myanmar Now

  • ကန္ဒီတွင် သားအမိနှစ်ဦးအလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန္ဒီမြို့နယ် မုံရွာ-ယာကြီးလမ်းပိုင်း ၂၃မိုင် အနီး တောစပ်တစ်နေရာတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး၏အလောင်းကို ဒဏ်ရာများနှင့်တွေ့ရှိခဲ့သည်။

အသတ်ခံရသူတို့မှာ သားအမိနှစ်ဦးဖြစ်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ဖော်ထုတ်ချက်အရ အမျိုးသမီးကို အဓမ္မ ပြုကျင့်၍ လည်ပင်းညှစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကလေးဖြစ်သူမှာ လည်ပင်းတွင်ညိုမဲဒဏ်ရာများနှင့်အတူ ဦးခေါင်းဒဏ်ရာ များဖြင့် သေဆုံးနေခြင်းဖြစ်သည်။
Source-Mizzima

  • အခကြေးငွေယူကာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသည့် အမျိုးသမီးဖမ်းဆီးခံရ

နေပြည်တော် ၊ ပျဉ်းမနားမြို့နယ်ရှိ အသက်၄၂နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ငွေကျပ်နှစ်သိန်းလေးသောင်းနှင့် နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးသည်ဟု လူမှုကွန်ရက်တွင်တင်ခဲ့ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းအမျိုးသမီးသည် အခကြေးငွေဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသည်ကို ဖုန်းနံပါတ်အပြည့်အစုံဖြင့် မတ် ၈ တွင် လူမှု ကွန်ရက်တွင် တင်ခဲ့ပြီးနောက် မတ်လ ၉ရက်နေ့တွင် ယင်းလိပ်စာအတိုင်း သွားရောက်ဖမ်းဆီးခဲ့ပြီး ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Source-BBC

  • အင်းစိန်ထောင်မှ နိုင်ကျဉ်းအမျိုးသမီးများကို သင်္ကြန်တွင်ဖျော်ဖြေရန် စစ်ကောင်စီဖိအားပေး

စစ်ကောင်စီသည် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသူများကို သင်္ကြန်တွင်ဖျော်ဖြေရန် ဖိအားပေးစည်းရုံးနေပြီး အဆောင် တစ်ဆောင်တွင် အသက်နှစ်ဆယ်ဝန်းကျင် မိန်းကလေးခြောက်ဦးအထိပါဝင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက လူရွေး ချယ်မှုပြုလုပ်ခဲ့သည်။

နိုင်ကျဉ်းအမျိုးသမီးများကို ဖိအားပေးခြင်း၊ မက်လုံးပေးစည်းရုံးခြင်းဖြင့် ဖျော်ဖြေစေပြီး နိုင်ငံ‌ရေးအကျဉ်းသူများ အကြားသွေး ကွဲစေရန်ဖျော်ဖြေသည်ကိုမှတ်တမ်းယူပြီး အမည်ဖျက်ရန် စသဖြင့်ပြုလုပ်နိုင်သည်ဟု နိုင်ကျဉ်းအရေးဆောင်ရွက်သူများက ပြောသည်။
Source – People’s Spring

  • အိမ်အကူကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည့် မင်းရာဇာနှင့်ဇနီးအပါအဝင် ၄င်း၏မန်နေဂျာကို ထောင်ဒဏ်ချမှတ်ခဲ့

အိမ်အကူအမျိုးသမီးငယ်ကို သက်ငယ်လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုအတွက် တရားစွဲဆိုခြင်းခံထားရသည့် သရုပ်ဆောင် မင်းရာဇာတို့ ဇနီးမောင်နှံနှင့် မန်နေဂျာတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့သည်။

ယင်းတို့သုံးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု)ဖြင့် ၂၀၂၀ခုနှစ်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင်တရားစွဲဆိုထားပြီး မတ်လ၁၃ရက်တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး မင်းရာဇာမှာ သက်ငယ်လိင်ပိုင်း ဆိုင်ရာကျူးလွန်မှုအတွက် သီးခြားစွဲဆိုထားသည့် အမှုတစ်ခုမှာစစ်ဆေးဆဲဖြစ်သည်။
Source – Mizzima

  • ဖွဲရာကုန်းဒုက္ခသည်စခန်းမှ အမျိုးသမီးများအမှု တရားမစွဲတင်နိုင်သေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်ခြမ်း ၊ဆေးသမားကြီး ကျေးရွာအုပ်စု ၊ဖွဲရာကုန်းဒုက္ခသည်စခန်းတွင် နေထိုင်သည့် မွတ်စလင် အမျိုးသမီးအယောက်၄၀ကျော်အား စခန်းတာဝန်ခံဖြစ်သူမှ အဓမ္မပြုကျင့်မှုကို အမှုဖွင့်လှစ်ထားသော်လည်း ရဲမှ ဥပဒေအကြံတောင်းထားသည်ဟုဆိုသည့်အတွက် ယခုအချိန်ထိ တရားမစွဲတင်နိုင်သေးကြောင်း အမျိုးသမီးအရေးဆောင်ရွက် သူများက ပြောသည်။

ဖွဲရာကုန်းဒုက္ခသည်စခန်းမှ အမျိုးသမီးများအဓမ္မပြုကျင့်ခံရသည့်အမှုကို စစ်တွေမြို့မရဲစခန်းတွင် အမျိုးသမီးတစ်ဦးချင်းစီ အတွက် ပထမသတင်းပေးတိုင်ချက်ဖွင့်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားရှိခဲ့သော်လည်း တရားရုံး စွဲတင်သည့် အဆင့်မရောက်သေးသည့်အတွက် အမျိုးသမီးအရေးဆောင်ရွက်သူများက အမှုအခြေအနေပေါ် စောင့်ကြည့်နေ သည်။
Source- Irrawaddy

  • စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိခြင်းကြောင့် အမျိုးသမီးတစ်ဦး ခြေတစ်ဖက်ပြတ်

တနင်္သာရီမြို့အရှေ့တောင်ဘက် ၆မိုင်ခန့်အကွာရှိ အမှတ် (၅၆၁)ခြေမြန်တပ်ရင်း ခြံစည်းရိုးအနီးနှင့် ကပ်လျက်ရှိသည့် ခြံအတွင်း သီဟိုဠ်စေ့ကောက်ရန်ထွက်လာသည့် အသက်၄၇နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မိုင်းနင်းမိခြင်းကြောင့် ခြေ ထောက်တစ်ဖက်ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့သည်။

တပ်အတွင်း အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် စစ်တပ်က ခြံစည်းရိုးပတ်လည်တွင် မိုင်းထောင်ထား ခြင်းဖြစ်ကာ ကျွဲနွားများမိုင်းနင်းမိသည့် ဖြစ်စဉ်များရှိခဲ့ပြီး မိုင်းနင်းမိသည့်အမျိုးသမီးကို ပရဟိတအဖွဲ့အစည်းတစ်ခု၏ အကူ အညီဖြင့် မြိတ်မြို့ရှိ တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြေအနေအသေးစိတ်ကို မသိရသေးပေ။
Source – Myanmar Now

  • မုံရွာအချဉ်ပေါင်းသည် မတင်တင်အေး သုံးကြိမ်မြောက်ဖမ်းဆီးခံရ

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံနှင့်အဝှမ်း ဆန္ဒပြဆန့်ကျင်ခဲ့ချိန် မုံရွာမြို့လမ်းပေါ်သပိတ်တိုက်ပွဲတွင် ဆန္ဒပြလှုပ်ရှား သူများကို အချဉ်ပေါင်းများလိုက်လံဝေငှခဲ့ခြင်းဖြင့် လူအများသတိပြုမိခဲ့သည့် အချဉ်ပေါင်းသည် မတင်တင်အေးသည် စစ် ကောင်စီ၏ သုံးကြိမ်မြောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

အချဉ်ပေါင်းသည် မတင်တင်အေးနှင့် သူ၏မိသားစုဝင်သုံးဦးကို စစ်ကောင်စီက မတ်လ၁၃ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး မည်သည့်အကြောင်းဖြင့်ဖမ်းဆီးခဲ့သည်ကို မသိရှိရသေးပေ။
Source- မျက်မှောက်ခေတ်

  • စိတ်ဝေဒနာရှင်အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် စစ်ကောင်စီတပ်သားကို အမှုဖွင့်ခွင့်မရ

ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင် ၊မင်းလှမြို့နယ် ၊လက်ဆက်ကျေးရွာအုပ်စု ၊စိန်ကန့်လန့်ကျေးရွာ ၊ ရေစက်တန်းလမ်းနေ အငြိမ်းစားဗိုလ်မှုးကြီး၏သမီးဖြစ်သူ အသက်၂၁နှစ်အရွယ် စိတ်ဝေဒနာခံစားနေရသူကို ခလရ(၁)မှ အသက်၅၅နှစ်အရွယ် တပ်သားထွန်းနိုင်မှ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အတွက် ပြည်သူများက ဖမ်းဆီးနိုင်ခဲ့သော်လည်း တပ်အချုပ်တွင်သာ ချုပ်နှောင်ထားပြီး ရဲစခန်းတွင် အမှုဖွင့်ခွင့်မရကြောင်း ဒေသခံများ ကပြောသည်။

အဓမ္မပြုကျင့်သူ တပ်သားထွန်းနိုင်ကို တပ်အချုပ်တွင် တစ်လချထားပြီး စစ်ကောင်စီတပ်မှ ကျေးရွာအုပ်ချုပ်ရေးမှုးကို ဖိအား ပေးကာ နစ်နာသူမိန်းကလေးမိသားစုကို ကျေးအေးရန် ပြောဆိုခိုင်းလျက်ရှိသည်။
Source – Mizzima

  • အဓမ္မပြုကျင့်ခံရပြီး ဒဏ်ရာများနှင့်လမ်းတွင်စွန့်ပစ်ခံခဲ့ရသည့် မိန်းကလေးငယ်သေဆုံး

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အဓမ္မပြုကျင့်ခံရပြီး ဒဏ်ရာများနှင့်စွန့်ပစ်ခံခဲ့ရသည့် အသက် ၁၂နှစ်အရွယ် မိန်းကလေး ငယ်သည် စစ်တွေမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သည်။

ယင်းမိန်းကလေးငယ်ကို မီးရထားလမ်းဘေးတွင် အဝတ်ဗလာဦးခေါင်းဒဏ်ရာများနှင့် သတိမေ့မျောနေသည်ကို ဒေသခံများ က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟုယူဆရသည့် လူငယ်နှစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၆၂ နှင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
Source – HI News

  • ဖားကန့်မြို့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကို စစ်တပ်က ဝင်ရောက်ဖျက်စီး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၌ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့် အမျိုးသမီးစွမ်းရည်မြှင့် တင်ရေးရုံးကို အာဏာသိမ်းစစ်တပ်က မတ်လ၁၇ ရက်ညပိုင်းတွင် ဝင်ရောက်ဖျက်စီးခဲ့သည်။

အမျိုးသမီးများကို ကွန်ပြူတာသင်ကြားပေးမည့် ကိုယ်ထူကိုယ်ထကွန်ပြူတာသင်ကြားရေးစင်တာမှ ကွန်ပြူတာကိုးလုံးနှင့် အခြားပစ္စည်းများကို ရိုက်ခွဲဖျက်စီးသွားပြီး ပစ္စည်းအချို့ကိုလည်းသိမ်းယူသွားသလို ရုံးစောင့်ကိုလည်းဖမ်းဆီးသွားခဲ့သည်။
Source- Mizzima

Author:

Related Articles