Home ကဗျာ                                          သို့ပါသောကြောင့်

                                         သို့ပါသောကြောင့်

  ယမင်းအေး      

အချစ်ရှိသောကြောင့် အမုန်းရှိ၏

လောဘရှိသောကြောင့်  အဂတိလိုက်စားမှုရှိ၏

နိုင်ငံရေး ရှိသောကြောင့် ပဋိပက္ခရှိ၏

စစ်ပွဲရှိသောကြောင့် အပျက်အစီးရှိ၏

အာဏာရှင်စနစ်ကြောင့် လူမဆန်မှုရှိ၏

အရင်းရှင်စနစ်ရှိသောကြောင့် အောက်ခြေနင်းပြားဘဝ ရှိ၏

ကျား-မအခြေပြု ခွဲခြားဆက်ဆံမှုရှိသောကြောင့်

ယောကျာ်းလွှမ်းမိုးမှုဝါဒီ အတွေးအခါ်ရှိ၏။

ဖိုဝါဒီကြီးစိုးမှုရှိသောကြောင့် ဖိနှိပ်ခံရမှုရှိ၏

ဖိနှိပ်မှုရှိသောကြောင့် တော်လှန်ရေးရှိ၏

လူတစ်စုလောဘကြောင့် စစ်ဘီလူးတို့ ထကြွ၏

‌ရောဂါကပ်ဘေးနှင့် အာဏာသိမ်းမှု ရှိသောကြောင့်

အခွင့်အရေးဆုံးရှုံးမှုများ ရှိ၏။

စိတ်ဖိအားတို့နှင့် ရင်ဆိုင်ရ၏။

မျိုးရိုးစဉ်ဆက် ပက်ထရီအာခီစနစ်၏ အခွင့်ထူးခံမှု

ဓလေ့နှင့် ချုပ်ကိုင်လွှမ်းမိုးမှုများကြောင့်

အိမ်တွင်းအကြမ်းဖက်မှုများကို ဦးတည်စေလာ၏။။

နိုင်ငံရေးအပြောင်းအလဲတစ်ခု ဖြစ်တည်သောကြောင့်

အခွင့်ထူးခံမှုနှင့် ဖိနှိပ်မှုများကို တော်လှန်မှုဖြစ်၏

‌အသက်၊ သွေး၊ ချွေး ၊ ဘဝ

ပေးဆပ်မှုများနှင့်

ပန်းခင်းလမ်း မဟုတ်‌သော ခရီး

တော်လှန်ရေး ခရီး

စစ်အာဏာရှင်အမြစ်ဖြတ် ခရီး

အကြမ်းဖက်မှု ရပ်တန့်ရေး အသိပညာ ခရီး

စိတ်ဓာတ်ကြံ့ခိုင်မှုများနှင့် ခရီး။

ရဲဝံ့မှုများ

‌နောင်တမရှိ ရှေ့သို့ချီ ခြေလှမ်းများ

သံမဏိတပ် နှလုံးသားများကဲ့သို့

သံမဏိအမျိုးသမီးများ

အမျိုးသမီးများဟာ အမျိုးသမီးများ ဖြစ်ပါသောကြောင့်

သို့ပါသောကြောင့်။ ။

Author:

Related Articles