အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလို့ထောက်ပြပြောဆိုကြတဲ့အခါမှာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ပြန်လည်ညွှန်းဆိုကြပါတယ်။ ၁၃၂၅ မှာဆိုရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တိုင်းမှာ အမျိုးသမီးတွေ တန်းတူ ပါဝင်ခွင့်ရဖို့၊ အပြည့်အ၀ ပါဝင်ခွင့်ရရှိဖို့အတွက် တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ တားဆီးကာကွယ်ဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တိုင်းမှာ အမျိုးသမီးများရဲ့ ကိုယ်စားပြုပါဝင်မှုကို မြှင့်တင်ပေးရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေကို ပညာပေးမှုသင်တန်းပေးရေး၊ ဒေသခံ အမျိုးသမီးတွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အစပြုဆောင်ရွက်ရေးအတွက် ထောက်ပံ့ဖို့နဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို လိင်ကွဲပြားခြားနားမှုပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ စတဲ့ အချက်တွေပါဝင်တဲ့ တိကျတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတာလည်းရှိပါတယ်။
သို့သော် လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေရဲ့နေ့တဓူ၀ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးတွေကို ဘယ်လိုသက်ရောက်မှုရှိနေသလဲ၊ အမျိုးသမီးနဲ့ ကလေးတွေ ဘယ်လို ဆိုးရွားစွာခံစားနေရသလဲဆိုတာကို ပြန်လည်စုစည်းပြီးတင်ဆက်ပေးလိုက်ပါတယ်။
- ခရီးရှည်နှင်ရင်း နွမ်းလျလာတဲ့ CDM တွေ - 04/02/2023
- ကြောက်လို့ တော်လှန်နေတာဆိုတဲ့ ကလေးနှစ်ယောက်မိခင် - 03/02/2023
- နိုင်ငံရေး ပဋိပက္ခကြားက အိမ်တွင်းအကြမ်းဖက်မှုများ - 01/02/2023