ဘယ်အချိန်များ အိမ်ပြန်ခွင့်ရမလဲ
တွေးခဲ့ရတာ ညပေါင်းများစွာ။
ဘယ်အချိန်ထိ နံရံတွေထဲရှိဦးမလဲ
တွေးခဲ့ရတာ နေ့ပေါင်းများစွာ ။
အခုတော့ ဒါတွေမတွေးတော့ဘူး အမေ
အမေပြောတဲ့ စကားဟာ
ကျမ ပြောင်းလဲစေခဲ့ပြီ။
ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်
အမေ့စကားဟာ
အိပ်မရတဲ့ ညများစွာ
စိုးရွံခဲ့တဲ့ နေ့များစွာကို
ရဲ့ရင့်စေခဲ့ပြီ။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့အသိဟာ
အားလုံးကို ကျော်ဖြတ်ခွင့်ပေးလိုက်ပြီ။
ဘဝကို အပေါ့ပါးဆုံး ရှင်သန်မယ်။
အသန့်ရှင်းဆုံး ဖြတ်သန်းမယ်။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်။
အားလုံးကိုရင်ဆိုင်မယ်။
ကျမရင်ဆိုင်မယ်။
#FREEMEESAW
ကိုသက်နိုင်စိုး
မှတ်ချက်။ ။ဆရာမ နန်းရှဲန်းလာ(ခ) မိဆောဟာ ကျိုင်းတုံမြို့မှာတကိုယ်တော် ပရဟိတလုပ်ကိုင်နေသူဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် လက်မခံကြောင်း ဖဲကြိုးနီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သလို၊ CDM လုပ်ထားသူလည်း ဖြစ်ပါတယ်။ သူ့ကို ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီ ၉ ရက် သူမရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး ယခုအချိန်ထိမလွတ်မြောက်လာသေးပါ။
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021
- နွေဦးပန်းပွင့်တို့ရဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ထောင်တွင်းနေ့စွဲများ - 26/10/2021
- ပြာပုံထဲက ပြန်လည်ရုန်းထွက်ကြမယ့် အမျိုးသမီးငယ်တွေ - 25/10/2021