Home ဗီဒီယို “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် စစ်ဘေးရှောင်အမျိုးသမီးများ၏ ရင်တွင်းစကားသံများနှင့်မျှော်လင့်ချက်များ”

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် စစ်ဘေးရှောင်အမျိုးသမီးများ၏ ရင်တွင်းစကားသံများနှင့်မျှော်လင့်ချက်များ”

စက်တင်ဘာ ၂၁ ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ဖြစ်ပြီး ကမ္ဘာနဲ့တစ်ဝန်းမှာ ငြိမ်းချမ်းရေးနေ့ကို ပုံစံမျိုးစုံနဲ့အထိမ်းအမှတ်ပွဲ တွေ ပြုလုပ်နေကြမှာဖြစ်ကြပေမယ့်လည်း လက်ရှိမြန်မာနိုင်ငံကပြည်သူတွေကတော့ ကိုဘစ်ဘေး၊ စစ်ဘေးတွေအောက် မှာ မငြိမ်းချမ်းတဲ့ ဒုက္ခတွေကိုခံစားနေကြရတဲ့အတွက် ငြိမ်းချမ်းရေးနေ့ဆိုတာ သူတို့နဲ့ဘာမှ မသက်ဆိုင်နေသလိုဖြစ်နေ ပါတယ်။ ထို့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေလည်း တိုးသထက် တိုးလာနေပြီး စစ်ရှောင်စခန်းတွေမှာ ခက်ခဲစွာနဲ့ခိုလှုံရှင်သန်နေထိုင်နေရပါတယ်။ ဒါကြောင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် လက်ရှိစစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ လက်ရှိ တိုင်းပြည်မငြိမ်းချမ်းမှုအပေါ် ခံစားချက်၊ သူတို့ရဲ့မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေကို Honest Information က စုစည်းကာ ကောက်နုတ် ဖော်ပြပေးလိုက်ရပါတယ်။

Related Articles