“နွေဦးတော်လှန်ရေးခရီးစဉ်အတွင်းက တော်လှန်သူအမျိုးသမီးများရဲ့ မှတ်တမ်း ”
Honest Information (HI)
၂၀၂၁ ဖေဖေါ်ဝါရီလမှစတင်ခဲ့သောနွေဦးတော်လှန်ရေးလှုပ်ရှားမှုသည် ယခုအချိန်ထိ ကာလအားဖြင့် ၈ လနီးပါးရှိလာပြီဖြစ်သော်လည်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ တက်ကြွစွာဦးဆောင်ပါဝင်မှုများမှာ ယနေ့ထိ အရှိန်မလျှော့သွားသေးဘဲ ဆက်လက်အားကောင်းနေသည်။
ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ တရားမျှတရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲများတွင်ပါဝင်ခဲ့သော အလွှာအသီးသီးမှ အမျိုးသမီးများ၊ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ပေးဆပ်ခဲ့ကြသော အမျိုးသမီးများသည် သမိုင်းသစ်ကိုရေးဆွဲကြရန် မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်ပြီး၊ ဤပေးဆပ်မှုများက မြန်မာနိုင်ငံမှအမျိုးသမီးများအတွက် ဂုဏ်ယူစရာ မှတ်တမ်းအဖြစ်ကျန်ခဲ့မည်ဖြစ်ပါသည်။
ယခုမှတ်တမ်းဗီဒီယိုသည် ဖေဖေါ်ဝါရီမှစတင်ခဲ့သော စစ်အာဏာဆန့်ကျင်ရေးတွင် နည်းမျိုးစုံဖြင့်ပါဝင်ခဲ့သော အမျိုးသမီးလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားခြင်းအတွက်သာ ရည်ရွယ်စုဆောင်းတင်ဆက်ထားခြင်းဖြစ်ပြီး အခြေအနေအခက်အခဲ အမျိုးမျိုးကြောင့် လှုပ်ရှားမှုတစုံလုံးပြည့်ပြည့်စုံစုံ မရယူနိုင်ခဲ့ခြင်း၊ မူရင်းကာယကံရှင် သတင်းဌာနများ၊ သတင်းပို့စ်များ၊ မူရင်း ဓာတ်ပုံရှင်များထံ တိုက်ရိုက်ခွင့်ပြုချက် မရယူနိုင်ခဲ့သည့်အတွက်ကိုလည်း နားလည်ပေးကြမည်ဟုမျှော်လင့်ပါသည်။
- မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 12/06/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 31/05/2025
- သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ - 19/05/2025