Home သတင်း ရှမ်းမြောက်ဒေသတိုက်ပွဲကြောင့် အမျိုးသမီးများသေဆုံးဒါဏ်ရာရ

ရှမ်းမြောက်ဒေသတိုက်ပွဲကြောင့် အမျိုးသမီးများသေဆုံးဒါဏ်ရာရ

နန်းဆိုင်နွမ်

“ပြောင်းချိုးနေတဲ့အချိန်မှာ လက်နက်ကြီးကျလာတာ။ အမျိုးသမီး(၁)ဦးကတော့ ပွဲချင်းပြီးသေသွားတယ်” ဟု သွားရောက်ကူညီခဲ့သည့် နမ္မတူအမျိုးသားပါတီ (TNP) ဥက္ကဌ တားအိုက်ထိုက်က ပြောပြသည်။

နိုဝင်ဘာလ(၂၉)ရက်တွင် နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာဒေသခံများ ပြောင်းဖူးချိုးနေချိန်တွင် လက်နက်ကြီးကျ ရောက်လာကာ အမျိုးသမီး(၁)ဦး သေဆုံးပြီး၊ (၂)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးဒဏ်ကြောင့် အသက်(၃၄)နှစ်အရွယ် မောက်ဆွဲသေဆုံးခဲ့ပြီး၊ အသက်(၂၁)နှစ်အရွယ် မအိုသည် ခြေ ကျင်းဝတ်တွင် လက်နက်ကြီးစ ထိမှန်သဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရကာ အသက်(၂၁)နှစ်အရွယ် နန်းစံ ခမ်းမှာ နမ္မတူဆေးရုံတွင်သာ ဆေးကုသခံနေရသည်။

ထိုနေ့က နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ရာမှ လက်နက်ကြီးကျရောက်မှုကြောင့် ယခုကဲ့သို့ အမျိုးသမီးများထိခိုက်သေဆုံး ရခြင်းဖြစ်သည်။

နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး “ (၁၆)ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှု” ကာလဖြစ်ပြီး၊ ယခုကာလအတွင်း ကျေးရွာနေအမျိုးသမီးများ လက်နက်ကြီးထိမှန်ကာ (၁)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း ရှမ်းမြောက်အမျိုးသမီးရေး တက်ကြ ွလှုပ်ရှားသူ နန်းလျန်းက ပြောဆိုလိုက်သည်။

“ စစ်ပွဲကြောင့် အမျိုးသမီးတွေ တော်တော်များများသေဆုံးနေကြပြီ။ ကျမတို့ အော်နေလည်း ဆက်လုပ်နေကြ၊ ထု နေကြတယ်။ ပြည်သူ့အသက်တွေကို လုံးဝအရေးမလုပ်တဲ့သဘောပဲ” ဟု နန်းလျန်းက ဆိုသည်။

တိုက်ပွဲများရပ်ရန်၊ ငြိမ်းချမ်းရေးလုပ်ဆောင်ရန်၊ ပြောဆိုနေသော်လည်း မည်သူမျှ အရေးတယူ မလုပ်ကြကြောင်း၊ ထို့ကြောင့် တိုက်ပွဲများမရပ်တန့်နိုင်လျှင်လည်း ပြည်သူကို ပစ်မှတ်ထားပြီး ပစ်ခတ်သည်ကို ဆင်ခြေစေလိုကြောင်း နန်းလျန်းက ထပ်မံတောင်းဆိုလိုက်သည်။

သေဆုံးသွားသည့် မောက်ဆွဲတွင် သားသမီး(၃)ဦး ကျန်ခဲ့ပြီး ထိုသို့ သေဆုံးသွားသည့် အမျိုးသမီးများတွင် သား သမီးများကျန်ခဲ့လျှင် သက်ဆိုင်ရာအာဏာပိုင်များမှ ကလေးငယ်များအပေါ် တာဝန်ယူရန် လိုအပ်သည်ဟုလည်း သူမက ဆက်ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ကျေးရွာများ အနီးတဝိုက်၊ စစ်ဆင်ရေးများပြုလုပ်ခြင်း၊ လက်နက်ကြီး အသုံးပြု ပစ်ခတ်ခြင်းတို့ ချက်ချင်းရပ်တန့်ပေးရန် တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီ ဆငါးက ပြောသည်။

“ လက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းထုတော့ ရည်ရွယ်တဲ့နေရာကို မရောက်ဘဲ၊ အမျိုးသမီးတွေ ရွာသားတွေ ထိပြီးသေတာပေါ့” ဟု လွေးချီဆငါးက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းဒေသ အမျိုးသမီးများသည် တနေ့ထက်တနေ့ ဘဝလုံခြုံမှု ပိုမိုအားနည်းလာပြီး၊ မည်သည့် အချိန် မိမိအိမ်ဝင်းအတွင်း လက်နက်ကြီးလာပြီး ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်စိတ်ဖြင့် အသက်ရှင်နေကြရ ကြောင်း ရှမ်းမြောက်အမျိုးသမီးများက ပြောဆိုလိုက်သည်။

“ တိုက်ပွဲမှာ အမျိုးသမီးတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေ ကြားရရင် စိတ်မကောင်းဘူး။ ရေရှည်ပြည်တွင်း စစ်ရဲ့ အဓိကဓားစာခံက အမျိုးသမီးနဲ့ကလေးသူငယ်တွေပဲ ဖြစ်နေတယ်” ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားရေး ဆောင်ရွက်ရေးအသင်း (SWAN) မှ နန်းမွေနွန်ဟွမ်က ပြောသည်။

နှစ်ကာလရှည်ကြာလှသည့် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးများဘဝလုံခြုံရေးနှင့် ဝေးသထက်ဝေးနေကြောင်း၊ မည်သည့်လက်နက်ကိုင်မဆို ပြည်သူများသေကြေပျက်စီးမှုကို ငဲ့ညှာသောအားဖြင့် စစ်ပွဲများချက်ချင်းရပ်တန့်ပေး စေချင်ကြောင်း နန်းမွေနွန်ဟွမ်က ဆက်လက်ပြောဆိုသည်။

ရှမ်းမြောက်တိုက်ပွဲများအကြား အမျိုးသမီးများထိခိုက်သေဆုံးမှုမှာ သြဂုတ်လ(၃၁)ရက်နေ့က ကွတ်ခိုင်မြို့နယ် အတွင်း အမျိုးသမီးတဦးနှင့် လသားအရွယ်ကလေးငယ်တဦးအပါအဝင် (၅)ဦးသေဆုံးမှုနှင့် အောက်တိုဘာလတွင် သိန်းနီမြို့နယ်တွင် အမျိုးသမီး (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ခဲ့သည်။

Author:

Related Articles