အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆင့်ဆင့်ကို ပါဝင်တိုက်ဖျက်ခြင်းဖြင့် ယဉ်ကျေးသော လူ့ဘောင်တစ်ရပ် ကို အစပြုဖော်ဆောင်စို့

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး လိုအပ်ချက် များကြားတွင် နှစ်ဖက်စစ်ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်နေရုံဖြင့် ပြည်သူလူထုမှ လိုအပ်နေသော တရား မျှတမှုများ အလိုအလျောက်ရရှိလာမည် မဟုတ်ပေ။

အိမ်တွင်းအကြမ်းဖက်ခံသားကောင်ဘဝများ

ရပ်ရွာကလည်း ငါနှင့်မဆိုင်ဟု သဘောမထားပဲ စာနာစိတ်ဖြင့် ဝိုင်းကူကြကာ အတိတ်တုန်းကလို ယောကျ်ား တွေကို အကြမ်းဖက်ခွင့်လိုင်စင် ပေးမထားသင့်တော့ပါ။

အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအတွက် ပန်းချီပြပွဲနှင့် ဆွေးနွေးပွဲ ညောင်ဦးမြို့တွင်ကျင်းပ

ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားမှုနှင့် ကိုယ်စားပြုထောက်ခံမှု မြှင့်တက်လာခြင်းအားဖြင့်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော် ဆောင်ရာတွင် အခြေခံပြည်သူလူထု၊ လူငယ်နှင့် အမျိုးသမီးတို့၏အသံများ ထိထိရောက်ရောက် ပိုမိုပါဝင်ပြော ဆိုခွင့် ရရှိလာစေမည်ဟု ပွဲစီစဉ်သူများက ယုံကြည်မျှော်လင့်လျက်ရှိသည်။

အိမ်ဦးနတ်နဲ့ မယားတောသူ

ကျမတို့ကိုယ်တိုင်တောင် အလေးအနက်မထားမိတဲ့ “လိုချင်တာ မိဖုရား.. ညားတော့ ဘုရင်မ” ဆိုတဲ့ ယောက်ျားအများစုရဲ့ ခွဲခြားသတ်မှတ်မှုဟာ အမျိုးသမီးတွေကို နောက်မှာသာထားချင်တဲ့ အစဉ်အလာ ကို ဖော်ပြနေတာပဲ မဟုတ်ပါလား။

အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ တရားဥပဒေအကူအညီအတွက် လက်လှမ်းမီနိုင်ဖို့ နိုင်ငံတော်အနေနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်နေသေးတယ်ဆိုတဲ့ နော်ခင်စန်းထွေးနဲ့ တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီးတွေအတွက် ပြည့်စုံလုံလောက်ပြီး အာမခံချက်ရှိတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ကျူးလွန်နေ တဲ့အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမယ့် ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့ လိုအပ်သလို ဥပဒေ တရပ်ထွက်ပေါ်လာပြီဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများအနေနဲ့လည်း တကယ်လိုက်နာ ကျင့်သုံးမှုရှိလာအောင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ စိတ်ချ ယုံကြည်ရတဲ့ တရားရေးစနစ်တခုဖြစ်ပေါ်လာဖို့ကိုလည်း စောင့်ကြည့်ပေးတာမျိုး၊ တွန်းအားပေးတာမျိုး ပြုပြင် ပြောင်းလဲရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြတာမျိုး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။

“(၁၆)ရက်တာဖဲကြိုးဖြူလှုပ်ရှားမှု” ကို ကယားပြည်နယ်၊ဘောလခဲမြို့တွင်ဒေသအာဏာပိုင်များကတားဆီးပိတ်ပင်

“ အခုလို လာရောက်ပြီး ပိတ်ပင်ကန့်ကွက်တာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို မပပျောက်စေချင်ဘူး။ မလျော့ ချစေချင်ဘူး။ ဒီထက်ပိုဖြစ်စေချင်တဲ့သဘောလို့ ကျမသုံးသပ်တယ်”

အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်မှုပုံစံအသစ်နဲ့ မူဆယ်

"ကျမတို့မူဆယ်ကတော့ နောက်ထပ်ဘယ်လိုပုံစံနဲ့ ကြော်ငြာလာကပ်ဦးမလဲဆိုတာ တွေးပူနေရတယ်"

အသက်ရာကျော် ရှည်ပါသော်လည်း…

“စစ်ရွောင္စခန်းမွာ အလုပ္မရွိတော့ တခို့အမိုးသားတြေက မူးယစ်ဆေးဝါးသုံးစြဲမှု ပိုမ်ားလျာပီး အိမ္တြင်း အကြမ်းဖက္မှုလည်း ပျိုဖစ္လာတာကြောင့် အမိုးသမီးတြေက စစ်ဘေးရဲ့ဆိုးကိုးကို အထပ္ထပ် ခံစားရပါတယ်”

မကွေးမြို့က သရဲစီးသည့် “ဓာတ်တိုင်မမ”

ခါးနှင့် ခြေကျင်းဝတ်တို့တွင် စတီးနှင့်ပြုလုပ်ထားသော အသက်ကယ်ပစ္စည်းများ ချိတ်ထားသော သူမအနေဖြင့် လမ်းဘေးလျှပ်စစ်မီးတိုင်ပေါ်သို့ လုံခြုံရေးအဝတ်နှင့် ဦးထုပ်များဝတ်ဆင်ထားခြင်းမရှိပဲ တက်နေသော မြင်ကွင်းမှာ မြင်ရသူတိုင်းကို သည်းထိတ်ရင်ဖိုဖြစ်စေသည်။

တိုင်းရင်းသားဒေသ အမျိုးသမီးတွေရဲ့ အရေးကို မြေပြန့်ကလူတွေ ဘယ်လိုမြင်ကြလဲ

သူတို့တွေဟာ သေနတ်သံတွေကြားထဲမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်။ ယမ်းငွေ့တွေ တဒိုင်းဒိုင်းနဲ့။ အဲဒီကနေပဲ သူတို့တွေဟာ အကြောက်တရားလွမ်းမိုးမှုတွေကို စရလာတာ။ တချို့နေရာတွေမှာ ဆိုရင် ဟိုအရင် ဓလေ့ထုံးတမ်းကတပိုင်း၊ အမျိုးသမီးဆိုရင် သေစာရှင်စာ ဖတ်တတ်ရင် တော်ပြီဆိုပြီး ကျောင်းပို့မလို့ကို သေနတ်သံကြားတာနဲ့ မပို့တော့ဘူး။