Home သတင်း အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအတွက် ပန်းချီပြပွဲနှင့် ဆွေးနွေးပွဲ ညောင်ဦးမြို့တွင်ကျင်းပ

အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအတွက် ပန်းချီပြပွဲနှင့် ဆွေးနွေးပွဲ ညောင်ဦးမြို့တွင်ကျင်းပ

ညောင်ဦး – နိုဝင်ဘာ(၂၉)

မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးတို့တွင် အခြေခံလူထု၏ စိတ်ဝင်စားမှု၊ ပါဝင်မှုနှင့် အသံများ မြှင့်တက်လာစေရန် ပန်းချီပြပွဲတစ်ရပ်ကို နိုဝင်ဘာ (၂၉) ရက်၊ မနက်(၉)နာရီတွင် ညောင်ဦးမြို့ ရွှေပြည်နန်း ဟိုတယ်၊ သနပ်ခါးပြတိုက်နှင့် ဟိုတယ်ဝန်းအတွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲနေ့ မနက်ပိုင်းတွင် ကဏ္ဍအသီးသီးမှ အမျိုးသမီးတို့က ဦးဆောင်ဆွေးနွေးသည့် Panel Discussion ဆွေး နွေးပွဲအစီအစဉ်ပြုလုပ်ခဲ့ရာ ပန်းချီဆရာမ May East မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းများတွင် နည်းပညာပံ့ပိုးသူ ဒေါ်သူဇာသန့်၊(TW) သိန်းဝင်းထိုးမုန့်နှင့် (Moon Cake) မြန်မာ့ရိုးရာ အစားအသောက်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းပိုင်ရှင်ဒေါ်သူဇာအေး၊ သံတောင်ကြီးအမျိုးသမီးအဖွဲ့၏ ဒါရိုက်တာ နော်မာမာချိုတို့က အနုပညာ၊ ငြိမ်း ချမ်းရေး၊ အမျိုးသမီးကဏ္ဍနှင့် စီးပွားရေးဆိုင်ရာများကိုပါ အပြန်အလှန် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး The Crown, Capacity Building and Women’s Leadership School ကိုတည်ထောင်သူ ဒေါ်ထားထားသက်က ဆွေးနွေးပွဲကို ကူညီပံ့ပိုးသူအဖြစ် ဆောင်ရွက်ခဲ့သည်။

Photo: Nyan Linn Htet

ပန်းချီပြပွဲမှာမူ နိုဝင်ဘာလ (၂၉)ရက်မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ သုံးရက်တာ ကြာမြင့်မည်ဖြစ်ပြီး “အဲဒီထဲ ကဆရာမတွေကို လိုအပ်တဲ့နည်းပညာကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကိုလည်း မေးလို့ရပါတယ်။ ပန်းချီဆရာမ (၂၁)ယောက်ရဲ့ ကက်တလောက်စာအုပ်တွေလည်း ပေးမှာပါ” ဟု ဒေါ်ထားထားသက်က ပြောကြား သည်။

အဆိုပါပြပွဲသို့ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပန်းချီအနုပညာရှင် များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ယခုကဲ့သို့ကျင်းပခြင်းအားဖြင့် အမျိုး သမီးပန်းချီဆရာမ (၂၁)ဦးသာမက ၎င်းတို့နှင့်ဆက်စပ်နေသော အနုပညာအသိုင်းအဝိုင်းနှင့် အများပြည်သူက ပါ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် အမျိုးသမီးကဏ္ဍများတွင် စိတ်ဝင်စားလာပြီး စီးပွားရေးကဏ္ဍနှင့် အလွှာအသီး သီးရှိအမျိုးသမီးတို့၏ဘဝသည်လည်း ပိုမိုမြင့်မားလာစေနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

Photo: Nyan Linn Htet

ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားမှုနှင့် ကိုယ်စားပြုထောက်ခံမှု မြှင့်တက်လာခြင်းအားဖြင့်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော် ဆောင်ရာတွင် အခြေခံပြည်သူလူထု၊ လူငယ်နှင့် အမျိုးသမီးတို့၏အသံများ ထိထိရောက်ရောက် ပိုမိုပါဝင်ပြော ဆိုခွင့် ရရှိလာစေမည်ဟု ပွဲစီစဉ်သူများက ယုံကြည်မျှော်လင့်လျက်ရှိသည်။

Author:

Related Articles