ရန်ကုန်အမျိုးသမီးအဖွဲ့ လွိုင်ကော်တွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးပြုလုပ်
ဖူးမော်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးပိုမိုပါဝင်ရေးအတွက် ရန်ကုန်အခြေစိုက် အမျိုးသမီးအဖွဲ့များကွန်ယက်(မြန်မာ)မှ ဦးစီး၍ ကယားပြည်နယ် လွိုင်ကော်မြို့တွင် သင်တန်းတစ်ခု ပြုလုပ်ခဲ့ပါသည်။
ထိုသင်တန်းကို၂.၉.၂၀၁၄ မှ ရ.၉.၂၀၁၄ထိ (၆) ရက်တာ ပြုလုပ်သွားခြင်းဖြစ်ပြီး “Civic Education Training” နှင့်”Women Peace and Security” ဟူ၍ ခေါင်းစဉ်နှစ်ရပ်ခွဲကာ ပြုလုပ်သွားပါသည်။
သင်တန်းလာရောက်ပို့ချပေးသော မြန်မာငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံအဖွဲ့မှ ဒေါ်ခင်မမမျိုးကလည်း တစစီပြန့်ကျဲနေသော အမျိုးသမီးအဖွဲ့အစည်းများအားလုံး တူညီသော political platform တစ်ခုရှိရန် လိုအပ်ကြောင်းကို ပြောကြားသွားပါသည်။ ထို့ပြင် Peace Building အခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်ပါတ်သက်မှုကို အားပေးရန်လိုအပ်ပြီး Peace Process အခန်းကဏ္ဍတွင်လည်း အမျိုးသမီးများ လက်တွေ့ဆုံးဖြတ်ချက်ချနိုင်မှုတွင် ပါဝင်နိုင်ရန် မြှင့်တင်ရမည်ဖြစ်ကြောင်း သူမမှ ပြောကြားသွားပါသည်။
ထိုအမျိုးသမီးများအဖွဲ့(မြန်မာ)သည် ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း“Vote for Women” ခေါင်းစဉ်ဖြင့် ကမ်ပိန်းအစီအစဉ်တစ်ရပ်ကို ကယားပြည်နယ်လွိုင်ကော်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်။
သင်တန်းသ ို့တက်ရောက်လာသော နော်အယ်ခူဖေါ (ကယားမိုပွာအမျိုးသမီးဌါန) မှလည်း “အခုလို သင်တန်းတက်ရောက်ရတဲ့အတွက် အမျိုးသမီးတွေ ဦးဆောင်မှုအပိုင်းမှာရော ပိုပြီးနားလည်လာတယ် ပြီးတော့ နိုင်ငံရေးအမြင်တွေလည်း ပိုသိလာတယ် ပိုပြီး စိတ်ဝင်စားလာတယ် အခုကိုယ်သိလိုက်ရတဲ့အရာတွေကိုလည်း ကိုယ်လုပ်နေတဲ့အလုပ်မှာ ဒေသမှာ ကိုယ့်ရဲ့သူငယ်ချင်းတွေကို ပြန်ပြီး ဝေငှသွားမှာပါ” ဟု သူမမှပြောပါသည်။
သင်တန်းတွင် ကရင်နီအမျိုးသမီးအစည်းအရုံး(KNOW)၊ ကယန်းအမျိုးသမီး(KYWO)၊ ကယားဖူးအမျိုးသမီးဌါန၊ ကယားမိုပွာအမျိုးသမီးဌါန၊ ပကူးသာသနာအမျိုးသမီးဌါန၊ Women’s Galaxy၊ ပအိုဝ့်အမျိုးသမီးအဖွဲ့၊ ကယားစာပေ၊ နာနတ်တော၊ NLD စသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ (၂၅)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
- မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 12/06/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 31/05/2025
- သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ - 19/05/2025