“ကျမတို့ အညာခံလိုက်ရတာပါ။ လှေစီစဉ်သူက ပြည်သူတွေကို ခုတုံးလုပ်သွားတာပါ။ လှေစီစဉ်သူက ARSA တပ်သားတွေထွက်လို့ရအောင် ပြည်သူတွေနှင့်ရောပြီး လုပ်လိုက်တာပါ။ သူတို့ပြောတဲ့ လှေအစီးငါးဆယ်လည်း မရောက်ပါဘူး။ ရောက်လာတဲ့လှေတစ်စီးကို လှေစီစဉ်သူနှင့် သူ့တပည့် ARSA တပ်သားတွေတက်လိုက်သွားကြပါတယ်။”
ရိုဟင်ဂျာ
-
-
နေထိုင်စားသောက်ရေးအဆင်မပြေလို့ စစ်ရှောင်ရိုဟင်ဂျာအမျိုးသမီးများ ဆွေမျိုးရှိတဲ့ရွာတွေကိုပြောင်းရွေ့
by webmaster51 viewsမောင်တောမြို့ပေါ်က နီးစပ်ရာကျေးရွာတွေကို ခိုလှုံလာကြတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့မိသားစုတွေဟာအဆိုပါကျေးရွာတွေမှာ နေထိုင်စားသောက်ရေးအဆင်မပြေမှုတွေကြောင့် ဆွေမျိုးများရှိတဲ့ရွာတွေကိုပြောင်းရွေ့ နေထိုင်လာကြပါတယ်။
-
“ဘေးလွတ်ရာတိမ်းရှောင်ရင်းမောင်တောက ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးမှုရှိနေ”
by webmaster62 viewsမြို့သိမ်းတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ လူနေရပ်ကွက်တွေမှာ လက်နက်ကြီး၊ ဒရော့ဗုံးတွေကျလို့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်တွေသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေကြုံခဲ့ရပါတယ်။
-
“ကျမတို့က ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်ကြတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာနေရင် ရခိုင်ပြည်မှာဖြစ်တဲ့ ကောင်းကျိုး ဆိုးကျိုး ကိုလည်း ကျမတို့ ခံရမှာပဲ။ ပြည်သူဖြစ်တာကြောင့် အာဏာရှိသူတွေရဲ့ ပြောသမျှကို ကျမတို့ လိုက်နာရတယ်။ စစ်တပ်ဖြစ်ဖြစ် AA ဖြစ်ဖြစ်။”
-
“မြန်မာနိုင်ငံမှာ နေတုန်းကနေခဲ့တဲ့ ရွာနာမည်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နာမည်တွေ၊ မြို့နဲ့ရွာ အကွာအဝေးတွေကို စစ်မေးခဲ့တာတွေ ရှိခဲ့တယ်။”လို့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် စစ်ဆေးခံခဲ့သူတစ်ဦးက ပြောပါတယ်။
-
“အဓိကတော့ အမျိုးသမီးလေးတွေက ရုန်းထွက်ချင်ကြတယ်။ မလေးရှားမှာ ဘယ်လို အခြေအနေပဲ ရောက်ရောက် ဒီစခန်းက ထွက်သွားရရင်ပြီးရောဆိုတဲ့ စိတ်ကူးမျိုးနဲ့ သွားကြတယ်။ အဲဒီမှာ လူကုန်ကူးတဲ့ သူတွေက သူတို့ကို ချိတ်ပြီးတော့ လူကုန်ကူးကြတယ်။”