
ကလေးငယ်တွေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ အင်္ဂလိပ်စာဆရာမလေး
သူဟာစာသင်ပေးနေရင်း ကျောင်းသားတွေကို အင်္ဂလိပ်စာနဲ့ ရင်းနှီးစေဖို့ စာအုပ်တွေ ငှားပေးပြီး ဖတ်ခိုင်းတဲ့ အလေ့အကျင့်လုပ်ပေးတဲ့အတွက် ကလေးတွေက အခုဆိုရင်သူတို့ကိုယ်တိုင်စာအုပ်ကိုရွေးချယ်ဖတ်နိုင်ပြီဖြစ် ပါတယ်။ ဒါ့အပြင် ကလေးတွေ အင်္ဂလိပ်စာရေးဖတ်တာ ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး စာအုပ်တစ်အုပ်ဖတ်ပြီးရင် review ပြန်ရေးခိုင်းတာလည်း လုပ်ဆောင်ပါတယ်။

နေရပ်ပြန်ချင်တဲ့အိမ်မက်နဲ့ ကော့ပဇားဒုက္ခသည်စခန်းမှာအမျိုးသမီးအရေးလှုပ်ရှားမှုပြုလုပ်နေသူ မချိုချိုခိုင်
လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မချိုချိုခိုင်က ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့မှာ နေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ကော့ပဇားဒုက္ခသည်စခန်းကို ထွက်ပြေးခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးပါ။

လှောင်ပြောင်တိုက်ခိုက်မှုတွေကို ချစ်ခြင်းမေတ္တာနဲ့ရင်ဆိုင်နေတဲ့ လိင်တူခြင်းချစ်ခင်စုံမက်သူ ကိုထွေးနဲ့မမေ
ယောကျာ်းလေးလိုနေထိုင်ပေမယ့် အမျိုးသမီးခန္ဓာကိုယ်ပဲဆိုတော့ ဆိုက်ကားနင်းရတာသူ့အတွက်ပင်ပန်းပါတယ်။ တနေကုန် ဆိုက်ကားနင်းရ၊ ခရီးသည်တွေရဲ့ အထုတ်အပိုးတွေကိုသယ်ပေးရ၊ တိုက်ခန်းအပေါ်တွေထိပစ္စည်းတင်ပေးရနဲ့ဆိုတော့ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနာကျင်မှုဒဏ်ခံရတာတွေလည်းရှိပါတယ်။

ကရင်နီ ထောက်ပို့အမျိုးသမီးငယ်လေးတစ်ဦးရဲ့တော်လှန်ခရီးလမ်း
ကမ်ပိန်းအတွက်ရည်မှန်းထားတဲ့ သတ်မှတ်ချက်(target) မပြည့်မှာ၊ လိုအပ်တာတွေကို အချိန်မီမဖြည့်ဆည်းပေးနိုင်မှာ စတာတွေစိတ်ပူရပါတယ်။ ဒါ့အပြင် မိထော်ရဲ့ပုံတွေကိုယူသုံးကာ အလှူခံတဲ့လူလိမ်တွေရဲ့ အန္တရာယ်က လည်းရှိပါသေးတယ်။ ထောက်ပို့လုပ်ငန်းတွေကိုဆောင်ရွက်ရင်းကြုံတွေရတဲ့အခက်အခဲများစွာကို အတက်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။

အရှေ့တောင်အာရှကိုယ်စားပြု News Editorial Leadership Award ချီးမြှင့်ခံရတဲ့ အမျိုးသမီးအယ်ဒီတာချုပ် နန်းဖော့ဂေ
အမျိုးသမီးတွေအနေနဲ့ဦးဆောင်သူနေရာကိုရောက်ဖို့ ဌာနရဲ့မူဝါဒအပေါ်မှာမူတည်ပြီး ဌာနရဲ့မူဝါဒထဲမှာခိုင်ခိုင်မာမာချမှတ်ကျင့်သုံးတာမျိုး၊ အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်မယ်ဆိုရင် ဦးဆောင်သူနေရာရောက်ရှိဖို့က မခဲယဉ်းဘူးလို့ နန်းဖော့ဂေက မှတ်ချက်ပေးပါတယ်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာဟာ အမျိုးသမီးရဲမေတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေ
တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေအနေနဲ့ အများဆုံးကြုံတွေ့နေရတာက Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးစော်ကားတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဗုံးသံ၊ သေနတ်သံ၊ပစ်ခတ်မှုတွေကြားက အမျိုးသမီးစစ်သတင်းထောက်
“သမိုင်းမှတ်တမ်းမှာဆိုရင် အကြီးမားဆုံးကာလလို့ ပြောရမှာပေါ့။ ဒီလိုအချိန်ကာလမှာ ကျမကအဝေးမှာရှိနေတာထက် စစ်ပွဲအတွေ့အကြုံရချင်တယ်။ ကိုယ်တိုင်လည်း ကြုံချင်တယ်။ ဒါက ကျမအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်ရှိနေတာက သတင်းသမားအတွက်ပိုပြီးတော့ကောင်းတယ် လေ။”လို့ သူထွက်လာရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။

စစ်ဘေးအပြင် ရေဘေးပါကြုံတွေ့နေရတဲ့ စစ်ရှောင်ဘဝများ
နန်းဆိုင်နွမ်
“ မိုးရွာရင်…

သားသမီးပညာရေး စိုးရိမ်ပူပန်နေကြရတဲ့ ရခိုင်ကမိခင်များ
မြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနှင့်အတူ ပညာရေးဆုံးရှုံးမှုတွေကိုပါ ဆက်ပြီးခံနေရတာကြောင့် သားသမီးပညာရေးကိုတော့ မဆုံးရှုံးချင်ဘူးလို့ ဒေါ်ညိုက ပြောပါတယ်။

လူငယ်တွေကိုအဓိကထား ရက်ကန်းပညာဖြန့်ဝေနေတဲ့ ရက်ကန်းပညာရှင် တူးတူး
ရက်ကန်းရက်တဲ့အလုပ်ကိုရှေးယခင်ကတည်းကနေလက်ရှိအချိန်ထိအမျိုးသမီးတွေလုပ်ကြတာများပေမယ့် ရေစကြိုနယ်ကကျေးရွာတချို့မှာတော့အမျိုးသမီးအမျိုးသားမရွေးရက်ကန်းခတ်တက်ပြီးအသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။အထူးသဖြင့် မြေခဲတောင်ရွာက တစ်ရွာလုံးနီးပါး ရက်ကန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့အပြင် အမျိုးသား၊ အမျိုးသမီးနဲ့နှစ်တန်းသုံးတန်းအရွယ်ကလေးငယ်တွေကအစ ရက်ကန်းရက်တာ ချည်ဆေးဆိုးတာတွေကို လုပ်ကိုင်ကြပါတယ်။


