
လက်ထပ်ခြင်းကို တန်ဖိုးထားတဲ့ LGBTQ စုံတွဲ ဉာဏ်နဲ့မယ်
သူတို့ဆုံးဖြတ်ချက်က အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့ရဲ့ ဖြစ် တည်မှု၊ LGBTQ အခွင့်အရေးတွေနဲ့ပတ်သတ်လို့ စိုးရိမ်ရမှုမရှိဘဲ စိတ်လွတ်လပ်စေတဲ့ ထိုင်းနိုင်ငံက လိင်စိတ်ခံ ယူမှုကွဲပြားသူတွေရဲ့ အထင်ကရ ပွဲတော်တစ်ခုမှာ လူထုအားကိုယူပြီး သိရှင်ကြားလက်ထပ်ဖို့ရွေးချယ်ခဲ့တာပါ။

ဝါသနာပါတဲ့စက်ဘီးစီးခြင်း အသုံးချကာ Delivery လုပ်ငန်းဦးစီးနေသူ အမရာ
မေ
ရာသီဥတုဒဏ်ခံနိုင်တဲ့ပေါ့ပါးတဲ့အကျီနဲ့ခေါင်းဆောင်းဦးထုတ်ဝတ်ဆင်ထားတဲ့…

ကုန်ဈေးနှုန်းအတက်ကြမ်းလို့ ပူပန်သောကရောက်နေကြတဲ့ ပူတာအိုဒေသခံများ
ပူတာအိုဒေသမှာတိုက်ပွဲတွေကြောင့်ကားလမ်းပိတ်ရာကနေအစပြုပြီး ကုန်စျေးနှုန်းတရိပ်ရိပ်တက် လာခဲ့တာလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းအမြင့်ဆုံးမြို့ဖြစ်လာတာကြောင့် အိမ် ထောင်စုအများအပြား စားစရာ ပြတ်လပ်တဲ့ ဒဏ်ကြုံနေကြရပါတယ်။

အသွေးအသားရင်းကာ တော်လှန်ရေးလုပ်နေတဲ့ နိုင်ကျဉ်းမိခင်သီချင်းရှင်
သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။

ရွာလုံးကျွတ်နီးပါးအသတ်ခံရတဲ့ထဲက ခင်ပွန်းသည်တွေ ပေးဆပ်လိုက်ရတဲ့ဗျိုင်းဖြူရွာမှအမျိုးသမီးတွေ
အဲဒီဖြစ်စဉ်ထဲမှာ ဗျိုင်းဖြူရွာက အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့် အပျိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေက ထမင်းချက်ခိုင်းဖို့ခေါ်သွားပြီး မုဒိမ်းကျင့်ပြီး အိမ်ထောင်သည်အမျိုးသမီးကို သတ်ပစ်လိုက်ကာ ကျန် အပျိုအမျိုးသမီးနှစ်ဦးကိုတော့ပြန်လွတ်လိုက်ပါတယ်။

မတရားမှုကိုလုံးဝလက်မခံတဲ့ CDM အမျိုးသမီးတရားသူကြီး ဒေါ်သဥ္ဇာမြ
မဲဆောက်ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မဲဆောက် ရောက်တဲ့အခါမှာလည်း ပြည်တွင်းက CDM တွေအတွက်အပိုငွေထွက်အောင် အတက်နိုင်ဆုံးချွေ တာ နေထိုင်ခဲ့ပါတယ်။CDM တွေအတွက်အပိုဝင်ငွေထွက်အောင် MOJ ကငှားပေးတဲ့အိမ်အကောင်းမှာမနေပဲ ဈေး သက်သာတဲ့အိမ်မှာပြောင်းနေတာ၊ ခရီးစရိတ်မယူတာမျိုးတွေပါ။

လငန်းကျွန်းအမှိုက်သိမ်းစနစ်ကို စီမံဦးဆောင်နေတဲ့လူငယ်များ
“တစ်ရွာလုံးမှာရှိတဲ့ အမျိုးသမီးလေးတွေကဝိုင်းဝန်းပါဝင်ကြလို့ အဖွဲ့ရဲ့သုံးပုံနှစ်ပုံက အမျိုးသမီးငယ်လေးတွေပါ၊ အမျိုး သမီးငယ်တွေက တာဝန်မရွေးပါဘူး။ သူတို့လုပ်နိုင်တဲ့တာဝန်တွေကို အကုန်တာဝန်ယူ လုပ်ဆောင်နိုင်ကြတယ်။”လို့ အဏ္ဏဝါ ပြည့်စုံ- ပရဟိတအမှိုက်စီမံမှုအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဆရာကိုစိုးကျော်ကပြောပါတယ်။

စစ်အုပ်စုရဲ့ငွေကြေးယန္တရားကို သုတ်သင်ရှင်းလင်းမယ့် အမျိုးသမီးစစ်သူကြီး မူလန်
“MOGE က နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်းရတယ်။ အဲ့ဒီငွေတွေနဲ့ စစ်အုပ်စုက လက်နက်ဝယ်တယ်။ လေယာဉ် ဆီဝယ်တယ်။ တိုက်လေယာဉ်တွေ ဝယ်တယ်။ စစ်ဆင်ရေးတွေမှာ သုံးတယ်။ အကြမ်းဖက်စစ်အုပ်စု ယန္တရား လည်ပတ်တယ်။ အဲ့ဒီအတွက် MOGE ကို ဖြိုဖို့လိုတယ်။”လို့ မူလန်က ဆိုပါတယ်။

မယိုင်မလဲတဲ့စိတ်ဓာတ်နဲ့ တော်လှန်ခရီးဆက်နေတဲ့ CDM ကျောင်းဆရာမ
လက်ရှိမှာ ဘဝတူ CDM ဆရာမတွေနဲ့အတူနေထိုင်ပြီး ဖက်ဒရယ် ကျောင်းတွေမှာ Online ကနေစာသင်တာ၊ မြေ ပြင်မှာလည်းရွေ့ပြောင်းနဲ့စစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးနေတာတွေပြုလုပ်နေပါတယ်ဒါ့အပြင် CDM ဆ ရာမတွေနဲ့အတူအာလူးကြော်၊ငှက်ပျော်ကြော်၊ငါးခြောက်ကြော်၊ပုဇွန်ခြောက်ကြော်၊သရက်သီးသနပ်တွေကို“ဟီး ရိုး”အမှတ်တံဆိပ်နဲ့ရောင်းချနေပါတယ်။ ရတဲ့အမြတ်တွေကိုစားဝတ်နေရေးအတွက်အသုံးပြုသလိုတဖက်မှာလည်းတော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။

အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေအခွင့်အရေးချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)နှင့် တွေ့ဆုံမေးမြန်းခြင်း
“အကျဉ်းသူတွေကို သူတို့နဲ့အတူနေဖို့မြူဆွယ်တယ်။ ခြိမ်းခြောက်တယ်။ လက်မခံရင်တော့ အာဏာသုံးပြီး အဓမ္မပြုကျင့်တာပေါ့။”


