သတင်း

မုံရွာမှာ တစ်ရက်ထဲအမျိုးသမီး ၈ ဦး ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တစ်ရက်ထဲ)မှာ စစ်ကောင်စီက အမျိုးသား ၄၀ ဦးနဲ့ အမျိုး သမီး ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ပဉ္စမမဏ္ဍိုင်အဖွဲ့- PMCSG က ပြောပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်လ ၆ ရက်ကနေ ၁၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင် ထိုင်းမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသားလူထုရဲ့ကျန်းမာရေးအတွက် အားထားရာဖြစ်တဲ့ မဲဆောက်က မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ နော်စင်သီယာမောင်ကို ထိုင်းနိုင်ငံ၊ မြောက်ပိုင်းရှိ Naresuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

 နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင်တက်ကြွလှုပ်ရှားစွာပါဝင်ခဲ့သော LGBT စာရေးဆရာမ  စောဟန်နွေဦး (အသက် ၂၈ နှစ်) ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မယ်တော်ဆေးခန်းတွင် ဆေး ကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သိရပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ ရပ်တန့်ရေးဆွေးနွေး ပွဲစကားဝိုင်းပြုလုပ်

ဒီနေ့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဦးဆောင်ပြီး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ ရပ်တန့်ရေး ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ပြုလုပ်ခဲ့ပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၆ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးကြောင်း BWU ထုတ်ပြန်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တစ်လအတွင်းအမျိုးသမီး ၆၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်တဲ့စာရင်းမှာဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေအတွက်အဖြေ

လိင်ပိုင်းဆိုင်ရာထိပါးမှုတွေက အမျိုးသမီးတိုင်းနဲ့ လက်တကမ်းမှာရှိနေပါတယ်။ လမ်းသွားရင်းကစလို့ လုပ်ငန်း ခွင်အထိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ ရှိနိုင်ပါတယ်။ ထူးချွန်နေသူ၊ အောင်မြင်နေသူ၊ အရည်အချင်းရှိသူတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်တတ်ကြကြောင်း သတိပြုရမှာပဲဖြစ်ပါတယ်။

ကရင်နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ ဒေါက်တာ ဘလူးမင်းနိုက်ဇန် ကွယ်လွန်

အမျိုးသမီးနိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကရင်နိုင်ငံရေးအမျိုး သမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Dr .P’Doh Naw Blooming Night Zan (ဒေါက်တာ ဘလူးမင်းနိုက်ဇန်) ဟာ မနေ့က ဖေဖော်ဝါရီ  ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။