သတင်းဆောင်းပါး

ပန်းရေးထက် ဝမ်းရေးခက်

“အရင်ကဆို အသက် ၂၀ ပတ်ချာလည်တွေ သွားကြတယ် အခု နောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်းတက် မိသားစုတာဝန်ကို တစ်ဖက်က ထမ်းထားကြရတော့ အသက် ၃၀၊ ၃၅ တွေ တစ်ချို့ဆို အသက်  ၄၀ ကျော်တွေပါသွားကြတော့တယ်။အိမ်မှာလည်းလုပ်ကြရတာပဲဆိုပြီးတော့ပေါ့”ဟုအထက်ပါနိုင်ငံများသို့ ပို့ဆောင်ပေးနေသည့် မအိ(အမည်လွှဲ)က ပြောသည်။

 ရှေ့နေအိမ်မက်စွန့်လွှတ်ခဲ့ရတဲ့ ရန်ကုန်သူရဲဘော်ဖူးရဲ့ အညာရောက်တော်လှန်ခရီးလမ်း

“အရင်ကဆို နူးနူးညံ့ညံ့ပေါ့၊ အခုတော့ စိတ်ကမရှည်နေတော့ စိတ်မရှည်တာတွေ စိတ်တိုတာတွေများလာတယ်။ ဒါကလည်း ကိုယ်ကြုံခဲ့ရတဲ့လောကဓံပဲပြောရမလား၊ ဒီကာလမှာကြုံခဲ့ရတဲ့ လောကဓံကြောင့် ညီမတို့စိတ်တွေ ပြောင်းလဲသွားကြတယ်လို့မြင်ပါတယ်။ တခုခုဆိုရင် ငိုချင်စိတ်ရှိတယ်။ ဝမ်းနည်းလွယ်တဲ့အမျိုးသမီးငယ် တစ်ယောက်ကနေ စိတ်ပိုင်းဆိုင်ရာ strong ဖြစ်လာတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။”

စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလိုအပ်နေတဲ့ခယောင်းလမ်းပေါ်က သံမဏိအမျိုးသမီးတွေ

“ထောင်ကပြန်လွတ်ပြီးတဲ့နောက်မှာ အကြိမ်ကြိမ် ဆူဆိုက်လုပ်ဖို့ကြိုးစားခဲ့တယ်။ ကျွန်မက ဘယ်လို စဉ်းစားလဲဆိုတော့ ငါနဲ့ငါ့ကိုချစ်တဲ့မိသားစု ငါချစ်တဲ့ဒီနိုင်ငံအတွက်ဆက်ပြီး အသက်ရှင်နေမှဖြစ်မယ်။ ကျွန်မတို့ အနာဂတ် ရင်သွေးလေးတွေဖြစ်တဲ့ကျောင်းသားလေးတွေအတွက် ကောင်းမွန်တဲ့ကောင်းမွန်တဲ့ ပညာရေးစနစ်ထားခဲ့ချင်တဲ့စိတ်အပြည့်ရှိတယ်။ ပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ တက်အားသရွေ့ကူညီလုပ် ဆောင်သွားမယ် ဆိုတဲ့ စိတ် ငါ ငါယိုင်နေလို့မဖြစ်ဘူး။ ရပ်တည်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ကျွန်မကပြန်လည်ပြီးတော့ နိုးထလာတာပါ” လို့အဖြူရောင်ကပြောပါတယ်။

မြို့သိမ်းတိုက်ပွဲများနဲ့အတူ  မြို့ပြစစ်ဘေးရှောင်တွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ

 “ပြန်သွားပါပြီတဲ့ လေယာဉ်နဲ့ပြန်လာဗုံးကြဲမှာကိုကြောက်တယ်၊ အနည်းဆုံးက တလလောက်တော့ ရှောင်နေရဦးမယ်ထင်တယ်။ အိမ်က ခွေးတွေကြောင်တွေ ကြက်ကလေးတွေ ကိုတော့သတိရပါတယ်။ ကိုယ်အနှစ်နှစ်အလလ စုထားတဲ့ ပစ္စည်း တွေကိုလည်း သတိရတယ်။ဒါတွေကို သွားကြည့်ချင်တယ် ပြန်ယူချင်တယ်၊”လို့ မခွာညိုက‌ပြောပါတယ်။

အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ လက်မခံတဲ့ Free Burma Rangersမှ ဆေးမှူး

“ကိုယ်တစ်ယောက်ထဲ ဒီအခြေအနေထိရောက်အောင်လုပ်လာခဲ့တဲ့အပေါ်မှာ ပါစင်နယ်အရ တိုက်ခိုက်တာတွေ၊ ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ အလုပ်ပိုင်းမှာ ဒီလိုတွေမလုပ်နိုင်ဘူးဆိုပြီး ခွဲခြားမြင်ခံရတာတွေ၊ ကိုယ်လုပ်နိုင်ရဲ့သားသွားနိုင်ရဲ့သားနဲ့ ပူးပေါင်းပါဝင်ခွင့်မပေးတာတွေလည်း တချို့နေရာတွေမှာ ကြုံခဲ့ဖူးတယ်။”

လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြေးစရာမြေမရှိဖြစ်နေတဲ့ရှမ်းမြောက်က အမျိုးသမီးတွေ

“ ဒီလို မိုးတွင်းကာလကတော့ အခက်အခဲအများဆုံးပေါ့။ စစ်ရှောင်ရင်လည်း ခက်၊ နေစရာလည်းမရှိ၊ အဓိကလေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြေးစရာနေရာမရှိတော့ဘူး။ နေစရာလည်း အတိအကျမရတော့ တော်တော်ခက်ခဲတယ်”  TWO က တာဝန်ရှိသူက  စစ်ရှောင်တွေရဲ့ စိန်ခေါ်မှုကို ပြောလာပါတယ်။

တိုက်ပွဲများကြောင့်ဘေးလွတ်ရာတိမ်းရှောင်ရင်း မောင်တောကရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရ

“ကျမတို့ အညာခံလိုက်ရတာပါ။ လှေစီစဉ်သူက ပြည်သူတွေကို ခုတုံးလုပ်သွားတာပါ။ လှေစီစဉ်သူက ARSA တပ်သားတွေထွက်လို့ရအောင် ပြည်သူတွေနှင့်ရောပြီး လုပ်လိုက်တာပါ။ သူတို့ပြောတဲ့ လှေအစီးငါးဆယ်လည်း မရောက်ပါဘူး။ ရောက်လာတဲ့လှေတစ်စီးကို လှေစီစဉ်သူနှင့် သူ့တပည့် ARSA တပ်သားတွေတက်လိုက်သွားကြပါတယ်။”

LGBT သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆူနာမီရဲ့ တော်လှန်ခရီးလမ်း

ဖမ်းဆီးခံရတဲ့ LGBT တွေကို ရင်သားကိုဆေးလိပ်မီးနဲ့ထိုးတာ၊စအိုကို ဖန်ကွဲစထိုးသွင်းတာ ၊စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့လိင်အင်္ဂါတွေကိုကိုင်ခိုင်းတာ၊နမ်းခိုင်းတာစတာတွေကိုစစ်ကောင်စီတပ်ဖွဲ့တွေကကျူးလွန်တဲ့အကြောင်းကြားသိရတဲ့ဖြစ်စဥ်တွေလည်းရှိတယ်လို့ ဆူနာမီကပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာပြီးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

“စက်ရုံမှာ အလုပ်ခေါ်တယ်ဟေ့ဆို လုပ်မယ့်သူတွေက တပုံကြီး၊ ကိုယ်တွေက တရားဝင်မဟုတ်တော့ မခန့်ချင်ကြတာများတယ်၊ အဆင်မပြေလို့ ပြန်ဖို့ကြတော့လည်း ကိုယ့်နိုင်ငံအခြေအနေကပိုဆိုးနေတော့ ရတာလုပ်ပြီးနေရတယ်လို့”ဆိုပါတယ်။

အမျိုးသမီးတွေ မီးယပ်ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွင်စေချင်သူ ကိုခုပ်ဘွေ့

“အမျိုးသမီးတော်တော်များများက မီးယပ်ဝေဒနာ ခံစားရတဲ့ကြားကနေ အိမ်မှုကိစ္စတွေပါလုပ်ရတော့ ရုပ်ပိုင်းရောစိတ်ပိုင်းမှာပါ အများကြီးထိခိုက်တယ်။ အမျိုးသမီးတွေ ကျန်းမာပျော်ရွင်မှ မိသားစုကပျော်ရွင်မှာသူတို့ကို ကျန်းမာစေချင်တယ်။”