Entries by webmaster

ရပ်တည်ဖို့ ခက်ခဲလာတဲ့ ပုဂံဧည့်လမ်းညွှန်လေးများ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသဟာ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်သွားတာ နှစ်နှစ်ကျော်လာပြီး ဒီလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ ခက်ခဲကျပ်တည်းလာပါတယ်။

ဒီထဲမှာ ပုဂံဘုရားတွေမှာ သမိုင်းကြောင်းလိုက်လံ ရှင်းပြပေးနေတဲ့ ကလေးငယ်လေးတွေလည်းပါဝင်ပြီး လက်ရှိမှာ သူတို့ ဟာ အဆင်ပြေမယ့်လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်နေကြပါတယ်။

ပုံမှန်ဘုရားသမိုင်း လိုက်လံရှင်းပြပေးနေတဲ့ကလေးငယ်တွေဟာ လက်ရှိမှာတော့ ဧည့်သည်လိုအပ်ချက်အပေါ်မူတည်ပြီး အလှ ဓါတ်ပုံရိုက်ပေးတာ၊ ဆံပင်ကျစ်ပေးတာ၊ သနပ်ခါးလိမ်းပေးတာ စတဲ့ လုပ်ငန်းတွေ ပြောင်းလုပ်လာတာပါ။

ဘုရားသမိုင်းကြောင်းကို ရှင်းပြသူတွေက ၁၀ ကျော်သက်ကလေးငယ်တွေများပါတယ်။ အခုနောက်ပိုင်းမှာတော့ မိဘတွေက အလုပ်မရှိ၊ ဝင်ငွေမရှိဖြစ်လာတဲ့အခါမှာ ကလေးငယ်တွေအလုပ်ထွက်လုပ်ရတော့တာပါ။

တော်လှန်ရေးအသက်ဆက်ဖို့ ထောက်ပံ့ကူညီနေကြသူတွေ

“ဒီလူတွေမှ မကူလို့ရှိရင် ဒီထက်ပိုရပ်တည်ဖို့ခက်မယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ရှိသမျှ အားလေးတွေစုပြီးအားတင်းထားကြပါလို့ ညီမတို့ဒီဘက်ကနေရဲဘော်တွေက တိုက်ပွဲဝင်ဖို့အသင့်ပါပဲ”

ယွန်းလုပ်ငန်း ပျောက်ကွယ်တော့မှာလား

“ ကိုဗစ်ဖြစ်တုန်းက ယွန်းကနည်းနည်းကောင်းလာသေးတယ်။ အာဏာသိမ်းပြီးကတည်းက အရောင်းအဝယ်လုံးလုံး မကောင်းတော့တာ။ အရင်က ပစ္စည်းတစ်ခါပို့ရင် ဆိုင်တွေကို အခုတစ်ရာလောက်ပို့ရင် ၉၀ အတွက်ရှင်းပေးတယ်။ အခုက ၂၀ လောက်ပို့ရင် သုံးခုလောက်စာပဲရတော့ အဆင်မပြေဘူးပေါ့”

စစ်ရှောင်စခန်းကမလုံခြုံတဲ့ဘဝများ

“ ကျမမှာ သမီးလေးရှိတော့ တခုခုဖြစ်မှာလည်းစိုးရိမ်တယ်။ ကိုယ်နဲ့ဘာသာစကားမတူ လက်နက်ကိုင်တပ် ကိုယ့်စခန်းမှာလာနေတော့ စိတ်ပူတာပေါ့၊ ကြောက်လည်းကြောက်တယ်။ ညမှောင်ရင် ဘာဖြစ်လာမှာလဲဆိုပြီး တွေးပြီးအိပ်မပျော်ဘူး။ သူတို့တွေကို ဒီစခန်းကနေ ထွက်ခိုင်းစေချင်တယ်”

အန္တရာယ်ကျော့ကွင်းထဲဝမ်းစာဖြည့်နေရသူတွေ

“ဒီကာလမှာ အနိုင်ကျင့်ခံရတာကတော့ အဆိုးဆုံးပါပဲ။ တခါမှမကြုံဖူးခဲ့တဲ့ လိင်ဆက်ဆံနည်းတွေသုံးတယ်။ ငွေမရဘဲပြန် လုယက်ခံရတယ်။ ဒီထဲမှာ အဆိုးဆုံးကတော့ ဆေးကျွေးပြီး လူအများနဲ့အနိုင်ကျင့်ခံရတာပဲ”

ယူနီဖောင်းကိုစွန့်ခွာသူတွေရဲ့ CDM ခရီးကြမ်း

“ ဓာတ်ပုံတွေကြည့်မိတိုင်း ယူနီဖောင်းပုံမြင်တိုင်းမျက်ရည်ကျရပါတယ်။ အလုပ်ကိုလွမ်းတဲ့အချိန်ရှိတယ်။ အမြဲအတွေးဝင် တာကတော့ အရင် အမေ(ဒေါ်အောင်ဆန်းစုကြည်)လမ်းကြောင်းတွေမှာ ယာဉ်လမ်းရှင်းခွင့်ရချင်သေးတယ်”

ပင်လောင်းက လက်ဖက်စိုက်တောင်သူတွေဘ၀ ဓါတ်ပုံရသ

လက်ဖက်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူအများစုဟာ အမျိုးသမီးတွေသာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ဖက်ခူးတာ၊ လက်ဖက်လှော်တာ၊ နေလှန်းတာတွေဟာ အလေးမ ရတာတွေ မရှိတာကြောင့် အမျိုးသမီးတွေက ပိုလုပ်ဖြစ်တယ်လို့ ဆိုပါ တယ်။

ငယ်ငယ်ကတည်းက လက်ဖက်လုပ်ငန်းလုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မွိုးအိန်းကလည်း လက်ဖက်လုပ်ငန်းကို လုပ်ကိုင်တာဟာ အများကြီး စုဆောင်းရတာမျိုးမရှိပေမယ့် မိသားစုစားဝတ်နေရေးမှာ လိုအပ်တဲ့ ဆား၊ ဆီ၊ ဝယ်တဲ့ နေရာမှာ အသုံးပြုဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှသည်ချန်ပီယံစင်မြင့်ပေါ်ဆီသို့

“အခက်ခဲတွေ စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ မိသားစုတွေကတော့ အကုန်လုံး အားပေးပါတယ်။ အဖေနဲ့ အမေကလည်း ဘောလုံးဝါသနာအိုးတွေလေ။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ ဝေဖန်တာတွေရှိတယ်။ ယောကျ်ားလေးတွေနဲ့ တူတူသွားကန်ဖို့သွားလို့ရှိရင် မပါဝင်ရ တာတွေရှိတယ်။ ကျောင်းသားပွဲတုန်းကလည်း ရွေးချယ်ခံရပြီးမှ ပြန်ပြီးဖြုတ်ချခံခဲ့ရတာတွေရှိတယ်”

ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ပေမယ့် ချစ်ခြင်းမေတ္တာမဆုံးရှုံးသူတွေ

” မိန်းကလေးတွေရဲ့ သတ္တိအပိုင်းနဲ့သစ္စာရှိမှုအပိုင်းကိုပေါ့ ချီးကျူးကြတာ၊ တခါတလေကျ အကောင်းပကတိ အတိုင်း တောင်မှ မပြည့်စုံတာတွေရှိပြီး ကွဲကွာကြသေးတာ။ ကျွန်တော်က ကိုယ်လက်အင်္ဂါချို့ယွင်းသွားပြီပေါ့၊အဲ့အပေါ်မှာကို ယုံယုံကြည်ကြည်နဲ့လက်ထပ်တယ်ဆိုတော့ ကျွန်တော့်အမျိုးသမီးကိုချီးကျူးပေးကြတာ”