တရားမျှတမှုရရှိရေးနဲ့ တာဝန်ယူမှုတာဝန်ခံမှုအတွက် ဘာတွေလုပ်သင့်လဲ
လက်ရှိ မြန်မာနိုင်ငံမှာ စစ်အုပ်စုဟာ တရားစီရင်ရေး ယန္တရားတစ်ခုလုံးကို လက်နက်သဖွယ် အလွဲသုံးစားလုပ်နေသလို၊ ပုံမှန်တရားရုံးတွေကလည်း တရားမျှတမှုပေးဖို့ လုံးဝ အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါဆိုရင် CRSV ခံရသူတွေနဲ့ ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှု ရရှိဖို့ လမ်းစ မရှိတော့ဘူးလား။
မင်္ဂလာပါ။ မှတ်သားစရာ အသိပညာအစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ တရားမျှတမှုရရှိရေးနဲ့ တာဝန်ယူမှုတာဝန်ခံမှုအတွက် ဘာတွေလုပ်သင့်လဲ၊ ဘာတွေလုပ်လို့ရနိုင်လဲဆိုတာကို ဆွေးနွေးကြည့်ကြရအောင်နော်။











