မပြောချင်လို့ကြည့်နေတာကြာပြီ

💢 ရတဲ့ဝင်ငွေနဲ့ အဆင်ပြေအောင် အိမ်ထောင်မှု စီမံတာတွေက ဇနီးတယောက်တည်း၊ မိခင်တယောက်တည်းရဲ့ တာဝန်ဆိုပြီး ပုံဖော်တာတွေက အမျိုးသမီးတွေအပေါ်ကို အိမ်ထောင်တခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးကို ပစ်တင်ထားသလိုဖြစ်နေပါတယ်။  💢

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ မေခလာနဲ့ဟဲလေးတို့သီဆိုထားတဲ့ “မပြောချင်လို့ကြည့်နေတာကြာပြီ”ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးထားပါတယ်။

HIရဲ့ ကြည့်ရှုသူတွေရော ဒီသုံးသပ်ဆွေးနွေးချက်တွေအပေါ် ဘယ်လိုမြင်သလဲ? ကောမန့်မှာ မိမိရဲ့ အမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်သွားနိုင်ပါတယ်။ 

ဒါ့အပြင်နောက်ထပ် ဘယ်လို ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေနဲ့ကြော်ငြာတွေက ဂျဲန်ဒါခွဲခြားဖိနှိပ်မှုတွေ ရှိနေသလဲ ဆိုတာကိုလည်း မျှဝေပေးသွားပါအုံးနော်။