ဒို့အတွေး ဒို့အမြင်- ပထမပိုင်း
🚨 အာဆီယံမှာ ဒေသဆိုင်ရာ အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို၂၀၁၃ ခုနှစ်ကတည်းက ချမှတ်ထားပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အာဆီယံမှာ မြန်မာကိုယ်စားလှယ်အဖြစ်ပါဝင်နေသူတွေက စစ်အုပ်စုကိုယ်စားလှယ်တွေဖြစ်တယ်။ အခုကျမတို့အမျိုးသမီးတွေအားလုံးပြောနေကြတဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာချိုးဖောက်စော်ကားမှုတွေ၊ စစ်အုပ်စုရဲ့အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရမှုတွေ၊ ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ ဘဝအမှန်ကို ထင်ဟပ်တဲ့လုပ်ငန်းစဉ်တွေဟာ အာဆီယံရဲ့ ဒေသဆိုင်ရာ လုပ်ငန်းစဉ်တွေထဲမှာ ဘာမှမပါဝင်နေသေးဘူး။ အခု ဒါကို အာဆီယံဥက္ကဌဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် အမျိုးသမီးများငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွေ သေချာလုပ်ဖို့ ကျမတို့ တိုက်တိုက်တွန်းတွန်းလုပ်ကြရမှာဖြစ်တယ်။ 🚨
🔜 (ဒုတိယပိုင်းကို (၄.၂.၂၀၂၆) ညပိုင်းတွင်ဆက်လက်ထုတ်လွှင့်သွားပါမည်။)






