ခေးကြောင့် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

‼️ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကို လိင်အာသာပြေ ပြောဆိုနေကြတာတွေဟာ အမျိုးသမီးတွေရဲ့ ရှေ့မှာပြောသည်ဖြစ်စေ၊ နောက်ကွယ်မှာ ပြောသည်ဖြစ်စေ သီချင်းတွေ၊ ကဗျာတွေကနေ ပြောသည်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမြောက်ပါတယ်။ ‼️

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အဆိုတော် ရွှေထူး၊ Oasix နဲ့ Y-Zet တို့ သီဆိုထားတဲ့ “ခေးကြောင့်” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။