လိုချင်တာ မိဘုရား၊ ညားတော့ ဘုရင်မ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
‼️ဒီအတွေးအမြင်မျိုးကို သေချာပြန်ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်ကြမယ်ဆိုရင် အိမ်ထောင်ရှင် ဇနီးမယားကို ဒီလိုရှေ့တန်းတင်ထားတာဟာ အိမ်ထာင်ဘက်လင်ယောင်္ကျားကို ဂုဏ်နိမ့်စေတယ်၊ သိက္ခာကျစေ တယ်ဆိုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ဖို၀ါဒအခြေပြုအတွေးအမြင်တွေကို လက်ဆင့်ကမ်းနေတယ်လို့ ကျမတို့ ပြောရမှာပါ။‼️
ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အစီအစဉ်မှာတော့ ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ်ရေးစပ်ပြီး စိုင်းထီးဆိုင် သီဆိုထားတဲ့ “လိုချင်တာ မိဘုရား၊ ညားတော့ ဘုရင်မ” ဆိုတဲ့ အင်မတန် လူသိများခဲ့တဲ့ သီချင်းကို ဂျဲန်ဒါ ရှု့ထောင်ကနေ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။











