ရင်ဘတ်ထဲကဓား – ဖျော်ဖြေရေးကဏ္ဍထဲကဂျဲန်ဒါ

ဖို၀ါဒလို့ပြောရင် အမျိုးသားဖြစ်မှုကို ဦးစားပေးပြီး အမျိုးသားတွေကို ပါ၀ါ၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့ လူမှုရေးစနစ်တစ်ခုလို့ ကျွန်မတို့ သိမြင်ရမှာဖြစ်ပြီး ဒီစနစ်ကို လက်ခံကျင့်သုံးနေတာဟာ အမျိုးသားတွေချည်းမဟုတ်ဘဲ အမျိုးသမီးတွေကပါ စနစ်ကချထားတဲ့ ပုံစံခွက်ထဲကနေ ကျင့်သုံးနေကြတယ်ဆိုတာကို သတိပြုဖော်ထုတ်ကြဖို့လိုအပ်ပါတယ်။

ဒီတပတ် ဖျော်ဖြေရေးကဏ္ဍထဲကဂျဲန်ဒါအစီအစဉ်မှာတော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ အပါအဝင် သရုပ်ဆောင်များစွာ ပါ၀င်ထားတဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်တဲ့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။