ချူဆီ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

အခကြေးငွေယူပြီး ၀န်ဆောင်မှုပေးတဲ့ အမျိုးသမီးတွေကို နှုတ်နဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက် ရောက်ဖြစ်ဖြစ်၊ စော်ကားပိုင်ခွင့် မရှိဘူးဆိုတာနဲ့ ဒီအမျိုးသမီးတွေဟာလည်း အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံခံရသင့်တယ်ဆိုတာကို ဒီဇာတ်၀င်ခန်းကတဆင့် အသိအမြင်ဖွင့်ပေးတာဖြစ်လို့ ဒီလိုရိုက်ကူးတင် ဆက်မှုတွေဆိုရင်တော့ အားပေးရမှာဖြစ်ပါတယ်။

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မယ်လိုဒီ၊ အိချောပို၊ အေးမြတ်သူ၊ ကျော်ထက်အောင်နဲ့ တခြားသရုပ်ဆောင်တွေ ပါ၀င်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်တဲ့ “ချူဆီ” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။