ဟင့်အင်း – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
-ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “ဟင့်အင်း” ဆိုတဲ့ မြန်မာ့ရုပ်သံဇာတ်လမ်း တစ်ပုဒ်ကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဂျဲန်ဒါက တသတ်မတ်ထဲ မဖြစ်နေပါဘူး။ လိင်စိတ်တိမ်းညွှတ်မှု၊ ကျား၊ မ ၀ိသေသလက္ခဏာနဲ့ ကျား၊မ ပုံစံ ဖော်ပြမှုတွေက အမြဲတမ်းပြောင်းလဲနေတာမို့ ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်း ထဲမှာ ပုံဖော်ထားသလိုမျိုး ကျား၊ မ သဘာဝကို လွန်ဆန်လို့ မရလို့ သူ့လူမှန်၊ နေရာမှန်ပြန် ရောက်သွား တယ်ဆိုတာမျိုးနဲ့ ပုံဖော်တာက မမှန်ပါဘူး။











