ဒို့အတွေး ဒို့အမြင်
“လူငယ်တွေရဲ့ဦးဆောင်မှုအမြင်တွေကနေ ၁၉ ဖွဲ့နဲ့ တပ်ပေါင်းစု ဖွဲ့လိုက်နိုင်တာကတော့ အင်မတန်မှအားရကျေနပ်စရာကောင်းတယ်လို့ပြောရပါမယ်။
ပြည်သူတွေကလည်းဝမ်းမြောက်အားတက်ကြမှာပါ။ တစ်ခုရှိတာက တပ်ပေါင်းစုရေရှည်ဆက်သွားနိုင်ဖို့ အမြော်အမြင်ရှိရှိနဲ့ စိတ်ရှည်သည်းခံမှုတွေနဲ့ လုပ်ဆောင်သွားရမယ်။ ဒီ ၁၉ ဖွဲ့ဟာ စစ်ရေးအရပဲပေါင်းစုကြတာမဟုတ်ဘူးလို့ လေ့လာမိတယ်။ နိုင်ငံရေးအရ Bottom up Federal စနစ်နဲ့ ဘယ်လိုအတူတကွသွားကြမလဲဆိုတဲ့ စဉ်းစားချက်နဲ့ဗမာတိုင်းရင်းသားလူငယ်အစုအဖွဲ့တွေအများကြီးပါတဲ့ အင်အားစုတစ်ခုဖြစ်ပါတယ်။”











