ကြီးကြီးကျယ်ကျယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
“ဒီဇာတ်ကောင်တွေဟာ အပြင် လူမှုဘ၀က လိင်စိတ်ခံယူမှုကွဲပြားသူအများစုကို ကိုယ်စားပြုပုံဖော်နိုင်စွမ်းလုံး၀မရှိတဲ့အပြင် ယောင်္ကျားလို ခံယူရင် ဘယ်လိုနေရမယ်၊ မိန်းမလို့ခံယူရင် ဘယ်လိုနေရမယ်ဆိုတဲ့ ဂျဲန်ဒါပုံစံခွက်အယူအဆအဟောင်းတွေကိုသာ မှန်ကန်ကြောင်း ပုံဖော်ပေးနေကြတာဖြစ်ပါတယ်။”
ဒီတပတ်ရဲ့ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ မြင့်မြတ်၊ ရွှေမှုံရတီနှင့် တစ်ခြားနာမည်ကြီး သရုပ် ဆောင်တွေပါ၀င်တဲ့ ‘’ကြီးကြီးကျယ်ကျယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။











