ကျွန်မအချစ်ဆုံး ယောင်္ကျားသုံးယောက် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့အပါအ၀င် နာမည်ကြီး သရုပ်ဆောင်တွေ ပါ၀င်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ “ကျွန်မအချစ်ဆုံး ယောင်္ကျားသုံးယောက်” ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်တဲ့အခါမှာလည်း မိခင်စိတ်ရှိကြတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ တကိုယ်ရည်ဖြစ်တည်မှုတွေ၊ ခံစားချက်နဲ့ အိပ်မက်တွေကို နောက်တန်းမှာပစ်ပယ်ထားပြီး သူတို့ရဲ့ ဖခင်၊ ခင်ပွန်းနဲ့ သားဖြစ်သူတွေကို ဖြည့်ဆည်းပေးဖို့ အစဉ်အမြဲအဆင်သင့်ဖြစ်နေမှသာ ကြီးမြတ်တယ်လို့ အမျိုးသမီးတွေ ကိုယ်တိုင်က ယုံကြည်နေအောင် ခေတ်စကားနဲ့ ပြောရရင် ဂျင်းထည့်ခံထားရတာဖြစ်ပါတယ်။