အကိုကြီးတော့အဖနေရာ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “အကိုကြီးတော့အဖနေရာ” ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းထဲက တခုကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
တကယ်တော့ အရက်ဆိုင်မှာဖြစ်စေ၊ စားသောက်ဆိုင်မှာဖြစ်စေ အမျိုးသမီးတွေ အလုပ်လုပ်နေတာဟာ လုပ်ငန်းအတွက် ဝန်ဆောင်မှုပေးနေခြင်းသာဖြစ်လို့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်၊ ဘယ်လိုလူဖြစ်ဖြစ် သူတို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခွင့် လုံးဝမရှိပါဘူး။











