မိန်းမမြတ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မိန်းမမြတ်” ဆိုတဲ့ ဟာသဇာတ်လမ်းတိုကို ဂျဲန်ဒါရှု့ထောင့်ကနေ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

💢 ကျမတို့လူမှုအဖွဲ့အစည်းက ဖန်တီးသတ်မှတ်ချက်တွေဖြစ်တဲ့ “မိန်းမကောင်းမိန်းမမြတ်” ”ယောကျ်ားကောင်း ယောကျ်ားမြတ်”စတဲ့စံနှုန်းသတ်မှတ်ချက်တွေဟာ မိသားစုထဲမှာ၊ စာသင်ကျောင်းတွေကစ နောက်ဆုံး လုပ်ငန်းခွင်တွေအထိပါ သက်ရောက်လွှမ်းမိုးနေပါတယ်။ ဒီလိုလွှမ်းမိုးမှုတွေကြောင့်ပဲ မလိုလားအပ်တဲ့ အပြစ်တင်ဝေဖန်မှုတွေ၊ ကဲ့ရဲ့ရှုတ်ချမှု တွေဟာ လူတွေရဲ့နေ့စဉ်ဘဝတွေကို မတည်ငြိမ်အောင် အနှောက်အယှက်ပြုနေတတ်တာကို သတိထားကြ ရပါမယ်။ စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြရတာ ပင်ပန်းရတဲ့ကြားထဲ ဒီလို ဂျဲန်ဒါခွဲခြားမှုတွေကြောင့် လူနေမှုဘဝတွေ ပိုပြီးကျဉ်းမြောင်းကြပ်တည်းလာတာမျိုး မဖြစ်စေဖို့ လိုပါတယ်။