စစ်ကိုင်းအိုး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “စစ်ကိုင်းအိုး” ဆိုတဲ့နာမည်နဲ့ ဟာသဇာတ်လမ်းတိုတစ်ပုဒ်ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးရဲ့ချစ်ခြင်းမေတ္တာကို တောင်းခံတဲ့နေရာမှာ အခုလို လိင်မှုဆိုင်ရာ အသုံးအနှုန်းတွေကို သုံးစွဲတာ၊ ပြုမှုပြောဆိုတာတွေဟာ အမျိုးသမီးတွေကို လေးစားမှုမရှိရာရောက်ပါတယ်။
ဒီလိုအပြောခံရတာဟာ အမျိုးသမီးတွေအတွက် အင်မတန် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ ကိစ္စမျိုးဖြစ်ပြီး အိန္ဒြေပျက်စေတဲ့အတွက် ရိုင်းစိုင်းတဲ့ အပြုအမူတွေလို့ ဆိုရမှာပါ။











