အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်နဲ့ မဆိုင်ဘူးလို့ လျစ်လျူရှုထားမလား

ကိုယ်ထိလက်ရောက် အကြမ်းဖက်ကျူးလွန်လိုက်တဲ့အခါမျိုးတွေမှာ ရပ်ကွက်ရုံးတွေ၊ ရဲစခန်းတွေ စသဖြင့်နီးစပ်ရာ အုပ်ချုပ်ရေး စနစ်ကို ရောက်တဲ့အခါမှာဆိုရင် ဒီအုပ်ချုပ်ရေးစနစ်မှာကိုက ရှေးက အစဉ်အဆက်လာတဲ့အတိုင်းပဲ ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင်၊ အိမ်တွင်းကိစ္စ အိမ်တွင်းမှာဖြေရှင်းဆိုတဲ့အခြေအနေမျိုးပဲ ဖြေလျှော့ပေးတယ်၊ လျစ်လျူရှုတယ်၊ နားချတယ်ဆိုပြီး အတင်းပုံစံပြောင်းလိုက်တဲ့အခါ ဒီအခြေအနေက ပိုဆိုးလာတယ်။ နစ်နာသူကလည်း ပိုပြီးအကြမ်းဖက်ခံရလေလေ၊ သူ့အတွက် ကူကယ်ရာမဲ့လေလေ ဖြစ်စေတယ်

ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “အိမ်တွင်းအကြမ်းဖက်မှုလို့ခေါ်တဲ့ ယောကျာ်းက မိန်းမကို/ မိန်းမက ယောကျားကို/ မိဘက ကလေးကို အကြမ်းဖက်နေမယ်ဆိုရင် ဝင်တားမလား။ နစ်နာသူဘက်ကနေ ထုတ်ပြောမလား။ ဒါမှမဟုတ် ကိုယ်နဲ့ မဆိုင်ဘူးလို့ လျစ်လျူရှုထားမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အမြင်”တွေကို နားဆင်ရမှာပဲဖြစ်ပါတယ်။

Author: