အိန္ဒိယဆေးဝါးတွေကို အဓိကအားကိုးနေကြရတဲ့ မြန်မာပြည်က မိဘတချို့ရဲ့ အမြင်နဲ့ စိုးရိမ်ပူပင်မှု

ဒီတပတ် ပေါ့ကတ်စ်အစီအစဉ်မှာတော့ “အိမ်နီးချင်း အိန္ဒိယနိုင်ငံက ချောင်းဆိုးပျောက်ဆေးတမျိုးကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကလေးငယ်  ၂ဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့တာနဲ့ပတ်သက်လို့အိန္ဒိယဆေးဝါးတွေကို အဓိကအားကိုးနေကြရတဲ့ မြန်မာပြည်က မိဘတချို့ရဲ့  အမြင်နဲ့ စိုးရိမ်ပူပင်မှု” တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။

ဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့ဆိုရင် ဆရာဝန်ညွှန်ကြားချက်ပါတယ်ဆိုရင်တောင်မှ အလွဲအချော်တွေဖြစ်နေတဲ့ကာလမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဒီတိုင်း အပြင်ကနေ အလွယ်ဆေးဝယ်သောက်တာမျိုးတွေ၊ အိမ်မှာရှိပြီးသားဆေးတွေက  လတ်ဆတ်သေးလား၊ ဒိတ်ကုန်ပြီလား မသိဘဲ ရမ်းသမ်းသောက်တာမျိုးတွေမလုပ်သင့်ဘူး။

Author: