အမျိုးသမီးပါဝင်မှု၊ မပါဝင်မှုတွေအပေါ် ဝေဖန်မှုတွေနဲ့ပသတ်သက်ပြီး ပြည်သူတချို့ရဲ့စကားသံများ
“ဒီနေရာမှာအမျိုးသမီးတွေတင်မကဘူးပေါ့နော်။ အခြားလိင်ခံယူမှုကွဲပြားသူတွေ ပါဝင်တာ ပိုပြီးတော့ကောင်းမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးကလူသားတွေပဲလေ။ သူ့နေရာနဲ့သူ တတ်ကျွမ်းမှုပညာတွေ၊ အသုံးဝင်မှုတွေကရှိကြတာပဲဆိုတော့ ဒီတော်လှန်ရေးမှာဆိုရင်လည်း အကုန်လုံးက တတ်နိုင်တဲ့ကဏ္ဍ ပလက်ဖောင်းမျိုးစုံကနေပါဝင်နေကြတာ ဒါသက်သေပဲလေ”
HI က တင်ဆက်မယ့် ဒီတပတ်ရဲ့ ပေါ့ကတ်အစီအစဉ်မှာတော့ “လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှု ကိုတာစနစ်အပေါ်အမြင်တွေနဲ့ လက်ရှိတော်လှန်ရေးကာလဆွေးနွေးပွဲတွေမှာ အမျိုးသမီးပါဝင်မှု၊ မပါဝင်မှုတွေအပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတချို့ရဲ့စကားသံများ” ကို နားဆင်ရမှာဖြစ်ပါတယ်။







